ကယ်လီဖိုးနီးယားပြည်နယ် နေအိမ်တအိမ်တွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံး

August 18, 2020

ကယ်လီဖိုးနီးယားပြည်နယ် သေမင်းတမန်တောင်ကြား၌ ကမ္ဘာ့အမြင့်ဆုံးအပူချိန် စံချိန်တင်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ကန္တာရထဲက သေမင်းတမန်တောင်ကြားရှိ မီးပြင်းဖိုချောင်းစွယ်မှာ အပူချိန်ဟာ ၅၄ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၃၀ ဒီဂရီ ဖှာရင်ဟိုက်) အထိစံချိန်တင်မြင့်တက်ခဲ့လို့ နှစ် ၁၀၀ကျော်အတွင်း ကမ္ဘာ့အမြင့်ဆုံးအပူချိန် ဖြစ်ခဲ့တယ်လို့ အမေရိကန်အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။ ဒါပေမဲ့ ဒီအပူချိန်ကို တရားဝင် စစ်ဆေးသုံးသပ်ခံအပြီး စံချိန်ကို အတည်ပြုဖို့ လိုသေးတယ်လို့ အလိုအလျောက် လေ့လာရေးစနစ်ကို လုပ်ငန်းလည်ပတ်နေတဲ့ NWS လတ်စ်ဗီးဂတ်စ်ကုမ္ပဏီက ပြောပါတယ်။ သေမင်းတမန်တောင်ကြားမှာ သမိုင်းတလျှောက်လုံး စံချိန်တင်မြင့်တက်ဖူးတဲ့ အပူချိန်က ၅၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၃၄ ဒီဂရီ ဖှာရင်ဟိုက်) ဖြစ်ပြီး  ၁၉၁၃ ဇူလိုင် ၁၀ ရက်က  ဒီနေရာမှာပဲ တိုင်းထွာနိုင်ခဲ့တာလို့ ကမ္ဘာ့ မိုးလေဝသဌာန WMOက ပြောပါတယ်။ ဒီစံချိန်ဟာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး အပူချိန်အဖြစ် ရပ်တည်နေဆဲလို့လည်း  WMO က ပြောပါတယ်။
9 months Ago

August 17, 2020

အမေရိကန်ပြည်နယ်နှစ်ခုအကြား တောမီးလောင်ပြီး ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်း

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ နီဗားဒါးပြည်နယ်ကြား နယ်စပ်နားမှာ တောမီး အကြီးအကျယ်လောင်နေလို့ သြဂုတ်လ ၁၅ ရက်မှာ မီးသတ်သမားတွေက လူတွေကို ဘေးလွတ်ရာ  ရွှေ့ပေးခဲ့ရပါတယ်။ မီးလေပွေတွေ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပြီး ကယ်လီဖိုးနီးယား မြောက်ပိုင်းက ပလူမတ်စ်နဲ့လက်ဆန်မြို့နယ်တွေကို ဘေးကင်းရာ ရွှေ့ပေးဖို့ အမိန့်ထုတ်ခဲ့တာပါ။ “ဆိုးရွားတဲ့ မီးဘေးအခြေအနေက ဒီညနေထိ ဆက်ရှိနေနိုင်တယ်။ တောမီးလောင်ချိန် လေဆင်နှာမောင်း တိုက်လို့ အခြေအနေပေါင်းပြီး မီးဆင်နှာမောင်းအသစ်တွေ တနာရီ မိုင် ၆၀နှုန်း အားပြင်းတဲ့လေပြင်းတွေ ဆက်ပြီး တိုက်ခတ်နိုင်တယ်”လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။ ဒါကြောင့် မီးငြှိမ်းသတ်သူတွေအနေနဲ့  အလွန်အမင်း သတိထားသင့်တယ်လို့လည်း တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ တောမီးဟာ ဧက ၂၀၀၀၀ ဝန်းကျင်လောက်ကို လောင်ကျွမ်းခဲ့ပြီး ဇူလိုင်လ ၁၅ ရက်ညနေမှာ မီးလောင်မှုရဲ့ ၅ ရာခိုင်နှုန်းကိုသာ ထိန်းနိုင်သေးတယ်လို့ ဒေသခံမီဒီယာတွေက ရေးပါတယ်။
9 months Ago
Up