ကယ်ရိုလင်စကာ

A d v e r t i s e m e n t With Us

April 4, 2020

ဆွီဒင်နိုင်ငံ၌ ကိုရိုနာကူးစက်သူမြင့်လာ၍ ဆေးရုံများကို အသင့်ပြင်

ဆွီဒင်နိုင်ငံ မြို့တော်စတော့ဟုမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တရှိန်ထိုး မြင့်တက်လာတာနဲ့အတူ ဆေးရုံတွေဟာလည်း အသင့်ပြင်ဆင်နေပါတယ်။ ဧပြီ ၃ ရက်က ဆွီဒင်မှာ ကူးစက်ခံရသူ အသစ် ၆၁၂ ဦး တွေ့ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ  ၆၀၀၀ ဝန်းကျင် ရှိလာပါတယ်။   သေဆုံးသူက ၃၃၃ ဦး ရှိလာပြီး အခုဆိုရင် ပျမ်းမျှ လူသေဆုံးနှုန်းဟာ တနေ့ကို ၂၅  ဦးကနေ ၃၀ ကြား ရှိတယ်လို့ ဆွီဒင်ကျန်းမာရေး အေဂျင်စီက ဆိုပါတယ်။ မြို့တော်ဆွီဒင်က အကြီးဆုံးဆေးရုံတခုဖြစ်တဲ့ ကယ်ရိုလင်စကာ ဆေးရုံမှာ အရေးပေါ် စွမ်းဆောင်ရည်ကို တိုးမြှင့်ထားပါတယ်။  အဲဒါကတော့  အရေးပေါ် ခန်းသုံးပစ္စည်းတွေနဲ့  အသက်ရှူစက်တွေ ပါဝင်တဲ့ ခွဲခန်းဆောင်သစ်ပဲ ဖြစ်ပါတယ်။  တကယ်လို့ အဲဒီအဆောင် အပြည့်အ၀ လည်ပတ်မယ်ဆိုရင်  လက်ရှိ ရှိနေတဲ့ အရေးပေါ်ခန်း ၃၈ ခုရဲ့ ခြောက်ဆကျော် ပိုပြီး  ကျန်းမာရေးဝန်ဆောင်မှု ပေးသွားနိုင်မှာပါ။  အဲဒီ ခေတ်မီခွဲစိတ်ခန်းဆောင်ကို မူလက ဧပြီလမှာ  ဖွင့်ဖို့ ရည်ရွယ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အစီအစဉ် ပြောင်းသွားခဲ့တာပါ။  ဒါ့အပြင် မြို့တောင်ဘက် ကွန်ဗန်းရှင်းအဆောက်အအုံမှာလည်း ယာယီဆေးရုံတခု ဖွင့်ခဲ့ပြီး   ဆေးဘက်သင်တန်း တက်ရောက်ထားသူ ဘယ်သူမဆို လူနာတွေကို လာရောက်ကူညီဖို့ တိုက်တွန်းထားပါတယ်။ 
11 months Ago
Up