အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာပြည်နယ်မှာ မိုးကြီးရေလွှမ်းတာကြောင့် မြေပြိုမှုဖြစ်ခဲ့တာကြောင့် သြဂုတ် ၇ ရက်က လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒေသမီဒီယာ အဆိုအရ အယောက် ၈၀ ထက်မနည်း အပျက်အစီးတွေေအောက် ပိတ်မိ နေဆဲဖြစ်ပြီး သေဆုံးသူ တိုးလာနိုင်ဖွယ် ရှိပါတယ်။
ဗွီဒီယိုထဲမှာ တောတောင်ထူတဲ့ အီဒွတ်ကီခရိုင် မြေပြိုနေရာက ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ သယ်ဆောင်လာတာကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သီးနှံလယ်မြေ ထက်ဝက်လောက်ဟာ ဆည်သွင်းရေ မရတာမို့ နှစ်စဉ် မုတ်သုံရာသီဟာ နိုင်ငံအတွက် အရေးပါလှပါတယ်။ မုတ်သုံမိုးဟာ ကျေးလက်ဒေသမှာ နေထိုင်ပြီး လယ်ယာလုပ်ငန်းကို အားထားနေတဲ့ အိန္ဒိယလူဦးရေရဲ့ သုံးပုံနှစ်ပုံကို အထောက်အကူ ပြုနေတာပါ။
ဒါပေမဲ့ မိုးအလွန်အကျွံ ရွာမှုကြောင့် ရေကြီး မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါလို ပြဿနာ အများအပြားလည်း ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago