ကယ်ဆယ်လေယာဉ်

A d v e r t i s e m e n t With Us

June 16, 2020

မြန်မာနိုင်ငံသား ၁၃၂ ဦးကို တောင်ကိုရီးယားမှ ရန်ကုန်သို့ ကယ်ဆယ်လေယာဉ်ဖြင့် ပြန်ခေါ် 

ကိုရီးယားနိုင်ငံနဲ့  တခြားနိုင်ငံတချို့မှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၁၃၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့  အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူခဲ့ တယ်လို့  နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။   ကိုရီးယားရောက် မြန်မာနိုင်ငံသား ၅၇ ဦး၊ အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်၊ ကနေဒါ၊ စပိန်နဲ့ ဘရားလ်ဇီးနိုင်ငံတို့မှ မြန်မာနိုင်ငံသား ၄၈ ဦးနဲ့ မြန်မာသင်္ဘောသား ၂၇ ဦး၊ စုစုပေါင်း ၁၃၂ ဦးတို့ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)နဲ့ အင်ချွန်းလေဆိပ်ကနေ ရန်ကုန်မြို့သို့ ဒီကနေ့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ- MOFA
9 months Ago
Up