နယူးဇီလန်နိုင်ငံ ဝှိုက်အိုင်းလန်းမီးတောင် ပေါက်ကွဲမှုမှာ သွားရောက်ကူညီခဲ့တဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီဇင်ဘာလ ၉ ရက်က နိုင်ငံမြောက်ပိုင်းကျွန်း ကမ်းလွန်ရှိ ဝှိုက်အိုင်းလန်းမီးတောင် ပေါက်ကွဲမှုကြောင့် ၅ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ သြစတြေးလျနိုင်ငံသား ၃ ယောက် ပါဝင်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံသား ၁၁ ယောက် ပျောက်ဆုံးနေပြီး ၁၃ ယောက်ဟာ ဆေးရုံ တက်ရောက်နေတယ်လို့လည်း ဝန်ကြီးချုပ် မောရစ်ဆင်က ပြောခဲ့ပါတယ်။
ပျောက်ဆုံး ဒဏ်ရာရသူတွေထဲမှာ သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်နဲ့ မလေးရှားနိုင်ငံသားတွေ ပါဝင်တယ်လို့လည်း နယူးဇီလန် ဝန်ကြီးချုပ်က အစောပိုင်းမှာ မီဒီယာတွေကို ပြောထားပါတယ်။
၁၆ ထပ် အပျော်စီးသင်္ဘောပေါ်က အပန်းဖြေခရီးသည်အဖွဲ့တဖွဲ့ဟာ မီးတောင်ပေါက်ကွဲချိန် အဲဒီကျွန်းပေါ် ရောက်နေခဲ့ပါတယ်။
ဒါကြောင့် သင်္ဘောဆိုက်ကပ်ရာနေရာမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းတွေနဲ့ နယူးဇီလန် အလံကို ထားရှိတာ မြင်တွေ့ရပါတယ်။
3 years Ago