ကယ်ဆယ်ရေးရန်ပုံငွေ

February 26, 2020

စီးပွားရေးကျဆင်းနေသည့် ဟောင်ကောင်အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ဒေါ်လာ ၁၂၀ ဘီလီယံ ချပေးမည်

မနှစ်က ဆန္ဒပြပွဲတွေကြောင့် စီးပွားရေးကျဆင်းခဲ့ပြီး အခုနှစ် Covid-19 ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ ဟောင်ကောင်မှာ ဆယ်စုနှစ်အတွင်း အများဆုံး ကယ်ဆယ်ရေး ရန်ပုံငွေ ချပေးမယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ဟောင်ကောင်အစိုးရက ကြေညာလိုက်ပါတယ်။  ဟောင်ကောင်မှာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ဟောင်ကောင်ဒေါ်လာ ၃၇ ဒသမ ၈ ဘီလီယံ ဘတ်ဂျက်လိုငွေပြခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ပေါလ်ချန်က ပြောပါတယ်။ အဲဒီပမာဏဟာ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းခန့်ရှိပြီး နောင် ၅ နှစ်အတွက်  လိုငွေပြချက်ကို သူက မျှော်လင့်ထားပါတယ်။  ဘတ်ဂျက်လိုငွေပြတာဟာ အမြတ်ငွေ လျော့နည်းတာကြောင့်ဖြစ်ပြီး နောက်ထပ် ကယ်ဆယ်ရေးအစီအမံတွေအတွက် ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၁၂၀ ထောက်ပံ့ပေးသွားမှာပါ။  အဲဒီထဲမှာ အသက် ၁၈ နှစ်အထက် ဒေသခံတွေအတွက် ဟောင်ကောင်ဒေါ်လာ ၁၀၀၀၀  ထောက်ပံ့တာ၊ ကုမ္ပဏီတွေအတွက် အခွန်လျှော့ပေါ့တာနဲ့ တခြား အမတော်ကြေးတွေ ပါဝင်ပါတယ်။  ဟောင်ကောင်မှာ ပုံမှန်အားဖြင့် ဝင်ငွေထွက်ငွေ ညီမျှတဲ့ ဘတ်ဂျက်၊ ပိုလျှံဘတ်ဂျက်တွေကို စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။ စီးပွားရေးကျဆင်းနေချိန်မှာတော့ ဟောင်ကောင်ရဲ့ များပြားလှတဲ့ အရန်ငွေကြေးက ဟောင်ကောင်ကို ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်စေတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
1 year Ago
Up