ကယ်ဆယ်ရေးယာဉ်လူနာတင်ကား

March 24, 2021

ကယ်ဆယ်ရေးယာဉ်လူနာတင်ကားပေါ်မှဆွဲချ ရိုက်နှက်ခံခဲ့ရသည့် ပရဟိတ လူငယ်လေး ၄ ဦး ပြန်လွတ်

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ   ကယ်ဆယ်ရေး လူနာတင်ကားပေါ်ကနေဆွဲချခံရပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ရက်ရက်စက်စက် သေနတ်ဒင်နဲ့ အရိုက်ခံရတဲ့ ပရဟိတ လူငယ်လေး ၄ ယောက် ဒီကနေ့ မတ်လ ၂၄ ရက်မှာ ထောင်ကနေ  ပြန်လွတ်လာပါတယ်။ 

အဆိုပါ ပရဟိတ လူငယ်လေး ၄ ယောက်ကို ရဲနဲ့စစ်တပ်က ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဟာ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ရမ်းကားယုတ်မာတဲ့ လုပ်ရပ်ကို ကမ္ဘာကသိရှိသွားတဲ့ သက်သေအထောက်အထားတခုဖြစ်ပါတယ်။ 

Photo -credit

8 months Ago
Up