ကယ်ဆယ်ရေး

August 18, 2021

ကဘူးလ်မြို့တော်က အမေရိကန်သံရုံးအရာရှိများကို ကယ်ထုတ်ပြီးစီး

အမေရိကန်အစိုးရဟာ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က သံရုံးအရာရှိတွေကို ကယ်ထုတ်လို့ ပြီးစီးပြီဖြစ်ပြီး ကျန်နေတဲ့ သံရုံးဝန်ထမ်းတွေက အမေရိကန် နိုင်ငံသားတွေနဲ့ အာဖဂန် မဟာမိတ်တွေကို ကယ်ထုတ်ဖို့ ကူညီနေတယ်လို့ အမေရိကန် အစိုးရအဖွဲ့ ပြောခွင့်ရ နဒ်ပရိုက်စ်က သြဂုတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

အာဖဂန်နိုင်ငံ အနှစ် ၂၀ စစ်ပွဲအတွင်း အမေရိကန်ကို ကူညီခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကို တတ်နိုင်သမျှ အများဆုံး ကယ်ထုတ်မယ်လို့လည်း သူက ပြောပါတယ်။

ကဘူးလေဆိပ်လုပ်ငန်းတွေ ဝရုန်းသုန်းကားအခြေအနေကြောင့် ဆိုင်းငံ့ထားရအပြီး အမေရိကန် စစ်တပ်ရဲ့ သံတမန်တွေနဲ့ အရပ်သားတွေကို ကယ်ထုတ်တဲ့ လုပ်ငန်းစဉ်တွေကို ဩဂုတ် ၁၆ ရက်မှာ ပြန်စခဲ့ပါတယ်။

တာလီဘန်တွေက သီတင်းပတ် တပတ်အတွင်း ထိုးစစ်ဆင်အပြီး ကဘူးလ်မြို့တော်ကို မတိုက်ခိုက်ဘဲ သိမ်းပိုက်ခဲ့လို့ အမေရိကန်စစ်တပ်က လေဆိပ်ကို ဩဂုတ် ၁၅ ရက်က တာဝန်ယူခဲ့ရပါတယ်။

တာလီဘန်တွေက အရပ်သားတွေ လေဆိပ်ကို လာနိုင်ဖို့ ဘေးကင်းတဲ့ လမ်းကြောင်း စီစဉ်ပေးမယ်လို့ အမေရိကန်အစိုးရကို ပြောခဲ့တဲ့အကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလေဗန်က အစောပိုင်းမှာ ပြောပါတယ်။

4 months Ago

May 9, 2021

ပြိုကျ မိုးကုတ်ကျောက်တွင်းမှ ၁ ဦး ကယ်ထုတ်နိုင်၊ ပိတ်မိ ၄ ဦးကို ကယ်ဆယ်ရေး ဆက်လုပ်

မိုးကုတ်မြို့မှာ ကျောက်မျက်တွင်း ပြိုကျပြီး ၅ ရက်ကြာပိတ်မိနေတဲ့သူတွေထဲက ၁ ဦးကို ဒီနေ့ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိ ၄ ဦးအား ကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဘော်ဗဒန်းရွာမှာ မေလ ၄ ရက်နေ့က ကျောက်မျက် တူးဖော်ခဲ့တဲ့တွင်း ပြိုကျ​ပြီး လူ ၅ ဦး ၅ ရက်ကြာ တွင်းထဲပိတ်မိနေတာလို့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။ 

“မေလ ၄ ရက်နေ့က ခဲတွင်းပြိုကျပြီး လူ ၆ ယောက် ပိတ်မိသွားတာ၊ တွင်းဆရာတွေက ကူလိုက်တော့ အဲဒီနေ့မှာ တစ်ယောက် အသက်ရှင်ပြီး ပြန်လွှတ်လာတယ်။ ဒီနေ့ ကယ်ဆယ်ရေးတွေ ဆက်လုပ်တော့ တစ်ဦး အသက်ရှင်လျက် ပြန်လွတ်လာတယ်” လို့ DVB ကို ပြောပါတယ်။ 

ကျန် ၄ ဦးကတော့ တွင်းအနက်ပေ ၉၅၀ ဝန်းကျင်ထိ ရှိတဲ့ ခဲတွင်းမှာ ပိတ်မိနေပြီးတော့ ဒီကနေ့အထိ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

တွင်းက ဝင်ရောက်ဖို့ ခက်ခဲနေတာရယ်၊ အရမ်းနက်လွန်းတာကြောင့် သတိထားပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်နေရတယ်လို့ သိရပါတယ်။ 

​တွင်းပိတဲ့နေရာကို မြတ်စေတနာ လူမှုကူညီရေးအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ​မြန်မာနိုင်ငံ သန္ဓေမီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရွာသူရွာသားတွေက ပူးပေါင်းပြီး ကယ်ဆယ်နေတယ်လို့ သိရပါတယ်။ 

7 months Ago
More News
Up