ကယ်ဆယ်ထောက်ပံ့ရေး

A d v e r t i s e m e n t With Us

March 26, 2020

ကိုရိုနာ ကယ်ဆယ်ထောက်ပံ့ရေးအတွက် ဒေါ်လာ ၂ ထရီလီယံ အမေရိကန် သုံးမည်

အမေရိကန်အထက်လွှတ်တော်ဟာ နိုင်ငံသမိုင်းတလျှောက် အကြီးမားဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကယ်ဆယ်ထောက်ပံ့ရေးအတွက် ဒေါ်လာ ၂ ထရီလီယံကို မတ် ၂၆ ရက်နေ့မှာ အတည်ပြုလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီကယ်ဆယ်ရေးရန်ပုံငွေကို အတည်ပြုဖို့ နောက်ဆုံးမိနစ်ပိုင်းမှာ ရီပတ်ဘလီကင်နဲ့ ဒီမိုကရတ်အမတ်တွေကြား ငြင်းခုံရတာတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာ အတည်ပြုလိုက်နိုင်တာပါ။  ဒီရန်ပုံငွေအရ အမေရိကန်နိုင်ငံသား အရွယ်ရောက်သူ အများစုကို တိုက်ရိုက်ပေးငွေ ဒေါ်လာ တထောင့်နှစ်ရာစီ ထုတ်ပေးဖို့အပါအဝင်၊ လုပ်ငန်းလေးတွေမှာလုပ်နေတဲ့ လုပ်သားတွေကို ထောက်ပံ့ကြေးတွေ  ပေးသွားဖို့ ပါဝင်ပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၈၄၇၂ ဦးနဲ့ သေဆုံးသူ ၁၀၃၂ ဦးရှိပြီလို့ သိရပါတယ်။
11 months Ago
Up