ကယ်လီဖိုးနီးယား ကမ်းခြေတွင် ပုစွန်လုံးများ အစုအပြုံလိုက် လာတင်

July 19, 2015

ကယ်လီဖိုးနီးယား တောမီး ကားများကို ကူးစက်လောင်ကျွမ်း (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ဇူလိုင် ၁၇ ရက်နေ့က အဝေးပြေးကားလမ်းဘေး တောမီးက ကားတွေကို ကူးစက်လောင်ကျွမ်းလို့ ကားအစီး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီအဝေးပြေးလမ်းဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မြို့နဲ့ နီဗားဒါးပြည်နယ် လာ့စ်ဗေးကပ်မြို့ကို ဆက်သွယ်တဲ့ အဝေးပြေးကားလမ်းဖြစ်ပါတယ်။ ရုံးအားလပ်ရက် ခရီးသွားတွေနဲ့ စည်ကားနေချိန်မှာ ဖြစ်ပွားခဲ့လို့ ကားလမ်းလည်း ပိတ်ဆို့ခဲ့ပါတယ်။ လူထိခိုက်မှုတော့မရှိခဲ့ဘဲ မီးသတ်ရဟတ်ယာဉ်နဲ့ ဓာတုရည်တွေလောင်းပြီး မီးငြိမ်းသတ်ခဲ့ရတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၄ နှစ်ဆက်တိုက် မိုးခေါင်ရေရှားဖြစ်နေလို့ တောမီးတွေ ပိုလောင်ကျွမ်းနေတာ ဖြစ်ပါတယ်။
6 years Ago

June 20, 2015

ကယ်လီဖိုးနီးယား ကမ်းခြေတွင် ပုစွန်လုံးများ အစုအပြုံလိုက် လာတင်

အမေရိကန် ပြည်ထောင်စု တောင်ကယ်လီဖိုးရီးယား ကမ်းခြေတွေမှာ အနီရောင် ပုစွန်လုံးတွေ အုံနဲ့ ကျင်းနဲ့ သဲသောင်ပေါ် ရောက်နေတာကြောင့် ရေထဲ ပြန်ချပေးရပါတယ်။ ပူနွေးတဲ့ သမုဒ္ဒရာ ရေလှိုင်းတွေက ပုစွန်လုံးတွေကို မြောက်ဘက်ကို ဆက်လက် တွန်းပို့နေတာကြောင့် ကမ်းခြေဆီကို ပုံမှန်ထက် နီးကပ်လာတာလို့ အရာရှိတွေက ဆိုပါတယ်။ ဆန်ဒီယေးဂိုးနယ်မြေကနေ အော်ရိန်း နယ်မြေအထိ ကမ်းခြေတလျှောက်မှာ တချို့ ပုစွန်လုံးတွေ အစုလိုက် သေဆုံးရသလို၊ တချို့လည်း ပင်လယ်ထဲကို ရေလှိုင်းနဲ့ ပြန်ပါသွားကြပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ ရံဖန် ရံခါ ဖြစ်တတ်ပြီး မျိုးတုံးမှာကို စိုးရိမ်စရာတော့ မလိုသေးဘူးလို့ ဆန်ဒီယေးဂိုး နယ်မြေကနေ သမုဒ္ဒရာဗေဒဌာနမှာ တာဝန်ထမ်းနေတဲ့ ဇီဝဗေဒ ပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် ပုစွန်လုံးတွေမှာ အဆိပ်တမျိုး ပါကောင်းပါနိုင်တဲ့အတွက် လူတွေ စားသုံးဖို့ မသင့်ဘူးလို့လည်း သတိပေးပါတယ်။  
6 years Ago
Up