ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် မိုးအကြီးအကျယ်ရွာ၊ ရေကြီးရေလျှံမှုဖြစ်

February 9, 2017

ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် မိုးအကြီးအကျယ်ရွာ၊ ရေကြီးရေလျှံမှုဖြစ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ မိုးအကြီးအကျယ် ရွာသွန်းလို့ နယ်မြို့ငယ်လေးတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ မုန်တိုင်းက Bay Area ကို ဗဟိုပြုတာ ဖြစ်ပေမယ့် Bay Area ရဲ့ တောင်ပိုင်းရော၊ မြောက်ပိုင်းရော မိုးသည်းသည်းထန်ထန် ရွာသွန်းတယ်လို့ ဆိုပါတယ်။ ကန့်ဖီးလ် (Kentfield) မြို့ခံတွေကတော့ မီးသတ်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ လွတ်မြောက်ကြပေမယ့် ကားအများအပြား ရေနစ်မြုပ်ကုန်ပါတယ်။ La Honda မြို့နယ်မှာတော့ တောင်ပြိုကျလို့ အဝေးပြေးလမ်း ပိတ်နေပြီး ယာဉ်မောင်းတွေ သတိပေးဆိုင်းဘုတ်တွေကို အထူးအလေးထား မောင်းနှင်ကြဖို့ အရေးပေါ်ဝန်ထမ်းတဦးက တိုက်တွန်းပြောဆိုပါတယ်။ ဆန် ရာဖယ်လ် (San Rafael) မြို့နယ် မြောက်ပိုင်း မိုင် ၆၀ အကွာမှာတော့ အိမ်တလုံးပေါ် ရွှံ့မြေပြိုကျခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ မိုးအရှိန်မပြတ် ဆက်လက်ရွာသွန်းနိုင်တယ်လို့လည်း ဒေသခံ မိုးလေဝသဌာနက ခန့်မှန်းထားတဲ့အတွက် ရေဘေးအန္တရာယ် သတိပေးချက်တွေကို အလေးထား လိုက်နာကြဖို့ အာဏာပိုင်တွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
4 years Ago
Up