ကယ်လီဖိုးနီးယား အမျိုးသားဥယျာဉ်တွင်းရှိ ကျောက်တောင်ပြိုကျ၊ အနည်းဆုံးတဦး သေဆုံး

September 28, 2017

ကယ်လီဖိုးနီးယား အမျိုးသားဥယျာဉ်တွင်းရှိ ကျောက်တောင်ပြိုကျ၊ အနည်းဆုံးတဦး သေဆုံး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ယိုဆီမိုက် အမျိုးသားဥယာဉ်အတွင်းရှိ နာမည်ကျော် အယ်ကတ်ပ်တိန် (El Capitan) ဂရက်နိုက်ကျောက်တောင် စက်တင်ဘာ ၂၇ ရက်နေ့က ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ ကျောက်တောင်ဟာ နာမည်ကြီး တောင်တက်လမ်းပေါ် ပြိုကျခဲ့တာဖြစ်တယ်လို့ ဥယျာဉ်တာဝန်ရှိသူက ပြောပါတယ်။ ကျောက်တောင်ပြိုကျတဲ့နေရာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ကူညီနေတယ်လို့ သိရပါတယ်။ တောင်တက်ခရီးသွားများချိန်  ကျောက်တောင်ပြိုကျခဲ့တာဖြစ်ပြီး ယိုဆီမိုက် အမျိုးသားဥယျာဉ်ကိုတော့ ဆက်လက်ဖွင့်ထားဆဲဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up