ကယ်လီဖိုးနီးယားတောမီးဟာ လေပြင်းတိုက်ခိုက်မှုကြောင့် ပိုမိုအားကောင်းလာပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြည်နယ်သမိုင်းမှာ တတိယမြောက်အကြီးဆုံး တောမီးအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။
ဒီအတွက် အနီးဝန်းကျင်ဒေသခံတွေကို အတင်းအကျပ် ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ပြီး တချို့ဒေသတွေမှာတော့ ပြာမှုန်တွေဟာ နှင်းကျသလို ကျရောက်ခဲ့ပါတယ်။
ဆန်တာဘာဘရာကောင်တီ မီးသတ်တပ်ဖွဲ့ အကြီးအကဲက “ကယ်လီဖိုးနီးယားတောမီးကို မကောင်းဆိုးဝါးအဖြစ် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေနေနဲ့ တောမီးကို အပြီးတိုင် ငြှိမ်းသတ်မှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ကယ်လီဖိုးနီးယား တောမီးကာကွယ်ရေး အကြီးအကဲက တောမီးဟာ ဆန်တာဘာဘရာ အရှေ့ခြမ်းတလျှောက် ခန့်မှန်း ဧက ၄,၀၀၀ လောက် လောင်ကျွမ်းခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီ ကယ်လီဖိုးနီးယားတောမီးကို မီးသတ်တပ်ဖွဲ့ဝင် ၈,၅၀၀ နီးပါး ၊ မီးသတ်ကား အစီးရေ ၁,၀၀၀ ခန့် ၊ မီးသတ်ရဟတ်ယာဉ် ၃၂ စင်းနဲ့ ငြှိမ်းသတ်နေပြီး စနေနေ့ မနက်ပိုင်းမှာတော့ တောမီးလောင်မှု ၄၀ ရာခိုင်နှုန်း ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒီတောမီးဟာ ပြည်နယ်သမိုင်းမှာ သတ္တမမြောက် အပျက်အစီး အများဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။
3 years Ago