အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ နိုဝင်ဘာ ၁၃ ရက် သဘာဝ ဓာတ်ငွေ့လိုင်း ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေပြီး ၃ ဦး ဒဏ်ရာရသွားပါတယ်။
လယ်ယာသုံးပစ္စည်းတွေနဲ့ ထိခိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။
ပစိဖတ် သဘာဝဓာတ်ငွေ့နဲ့ အီလက်ထရစ် ကုမ္ပဏီက မြေအောက်မှာ မြုပ်ထားတာ ဖြစ်ပေမယ့် ထိခိုက်မိခဲ့ပြီး ဓာတ်ငွေ့တွေ ယိုစိမ့်ကာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ မီးတောက်က အမြင့်ပေ ၂၀၀ လောက်အထိ မြင့်တက်ခဲ့ပါတယ်။
လယ်ယာသုံး ကရိယာတွေကို ကိုင်တွယ် မာင်းနှင်တဲ့သူက သေဆုံးသွားခဲ့ပြီး လူ ၃ ဦး ဆေးရုံတင်လိုက်ရပါတယ်။
အနီးအနားက အိမ်တွေလည်း ဘေးလွတ်ရာကို ဆုတ်ခွာခဲ့သလို မီးသတ်တပ်ဖွဲ့က နောက်ဆုံးမှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းကို အလျင်အမြန် ပိတ်သိမ်းနိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးတဲ့သူတွေကိုလည်း ဒီနေရာကို စေလွှတ်ခဲ့ပါတယ်။
5 years Ago