ကယ်ရီကေးချား ပုံစံတူဖြစ်ရန် ၁၅ နှစ်ကြာ အကုန်အကျခံ ခွဲစိတ်ခဲ့သူ

A d v e r t i s e m e n t With Us

February 29, 2016

ကယ်ရီကေးချား ပုံစံတူဖြစ်ရန် ၁၅ နှစ်ကြာ အကုန်အကျခံ ခွဲစိတ်ခဲ့သူ

အင်္ဂလန်နိုင်ငံသူ အမျိုးသမီးတဦးဟာ သူ့ရဲ့ ကယ်ရီကေးချား ပုံစံထဲကအတိုင်း ဖြစ်လာစေဖို့အတွက် ပေါင် ၁ သိန်း ၃ သောင်းကျော် အကုန်အကျခံပြီး ခွဲစိတ်ပြုပြင်ခဲ့တယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၃၁ နှစ်အရွယ် ခရစ္စတီးနားဘူတဲလ်ဟာ ဆံပင်အလှဖန်တီးရှင်တဦး ဖြစ်ပြီး နှုတ်ခမ်း၊ မျက်ခုံး၊ မျက်ရစ်ပုံဖော်ဆေး ထိုးတာတွေအပြင် ကယ်ရီကေးချားပုံစံအတိုင်း အသည်းပုံရင်သား ရရှိအောင် တက်တူးထိုးတာတွေကို အချိန် ၁၅ နှစ်ကြာအောင် ခွဲစိတ်ပြုပြင်ခဲ့ရတာပါ။ သူဟာ အနောက်ယော့ခ်ရှိုင်းယားပြည်နယ်၊ ၀ိတ်ခ်ဖီးလ်ဒ်မြို့မှဖြစ်ပြီး သူ့အသက် ၁၅ နှစ်အရွယ်မှာ မယ်ဒီတာရေးနီးယန်းပင်လယ်၊ အီဘီဇာကျွန်း အလည်အပတ် ခရီးစဉ်မှာ ကယ်ရီကေးချားပုံတပုံကို ရရှိခဲ့ပြီးနောက်မှာ ပုံထဲကအတိုင်းဖြစ်စေဖို့ ကြိုးစားခဲ့တာပါ။ ခရစ္စတီးနားက “ကျမ ဒီကယ်ရီကေးချားပုံကို စမြင်ခဲ့ကတည်းက ဒါဟာ ကျမပဲဆိုတာ သေချာခဲ့ပါတယ်။ ကျမ အရမ်းပျော်ခဲ့တယ်။ ကျမ ဘာလိုချင်တယ်ဆိုတာ အတိအကျ သိခဲ့ရပြီလေ။ ကျမ အားကျရတဲ့ ကာတွန်းပုံစံတူဖြစ်အောင် ကြိုးစားဖို့ပဲပေါ့” လို့ ပြောပါတယ်။ သူဟာ ခုချိန်ထိ တကိုယ်တည်းနေထိုင်တာဖြစ်ပြီး ခုလို လုပ်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဧည့်ခန်းမှာ အဲဒီပုံစံတူ ကယ်ရီကေးချားပုံကို ချိတ်ထားခဲ့ပြီး ပိုမိုတူညီလာစေဖို့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ “ဒီကယ်ရီကေးချားပုံစံတူဟာ ကျမရဲ့ အမှတ်တံဆိပ်တခုပါပဲ။ ဒါကိုကြည့်ရတာ ကောင်းပါတယ်။ ဒီပုံကိုကြည့်ပြီး ကျမအနေနဲ့ ပိုပြီးတူညီလာစေဖို့ လိုအပ်ချက်တွေကို သိရတာပေါ့ရှင်။” ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်  
5 years Ago
Up