ကယ်ပီတယ်ဝမ်း

September 24, 2015

ကယ်ပီတယ်ဝမ်းဖလား မန်ယူ ၃-၀ အစ်ပ်စ်ဝစ် (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၂၃ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်းဖလား တတိယအဆင့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အစ်ပ်စ်ဝစ်ခ်ျအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်း ၂၃ မိနစ်မှာ ရွန်နီက မန်ယူအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မိနစ်မှာ မန်ယူ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး အဲဒီပြစ်ဒဏ်ဘောကို မန်ယူအသင်းက ကျောနံပါတ် ၄၄ အန်ဒရေ ပါရဲရား တိုက်ရိုက်ကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့တာပါ။ မန်ယူအတွက် ပွဲသိမ်းအနိုင်ဂိုးကို ပွဲချိန် မိနစ် ၉၀ ပြည့်လို့ ထပ်ဆောင်းအချိန်ပို ၂ မိနစ်မှာ မန်ယူအတွက် ခြေစွမ်းပြပြီး ဂိုးတွေဆက်တိုက်သွင်းပေးနေတဲ့ မာရှယ်က သွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
8 years Ago

September 23, 2015

ကယ်ပီတယ်ဝမ်းဖလား ဆန်းဒါးလန်း ၁-၄ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၂၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်းဖလား တတိယအဆင့် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် အသင်းတွေထဲက မန်စီးတီးနဲ့ အဲဗာတန်တို့ အနိုင်ရသွားပါတယ်။ မန်စီးတီးက အဝေးကွင်းမှာ ဆန်းဒါးလန်းကို အရန်အများစုနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ မန်စီးတီးအသင်းဟာ ကယ်ပီတယ်ဝမ်း ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ ဆန်းဒါးလန်းအတွက်တော့ ဒီနှစ်ရာသီအစ ယှဉ်ပြိုင်တဲ့ ၈ ပွဲမှာ ၅ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။ အဲဗာတန်အသင်းကလည်း အဝေးကွင်းမှာ ချန်ပီယံရှစ်တန်းက ရက်ဒင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဲဗာတန်အသင်းဟာ နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားပြီးမှ အနိုင်ရသွားတာ ဖြစ်ပါတယ်။
8 years Ago
Up