ကယ်တင်

June 24, 2018

ရွှေ့ပြောင်းနေထိုင်သူ ၈ဝဝ ကျော်ကို စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ လှေငယ်အစင်း ၂၀ နီးပါးနဲ့ စပိန်ကမ်းခြေကိုဝင်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၀၀ နီးပါးကို ဇွန်လ ၂၃ ရက်နေ့မှာ ကယ်ဆယ်ခဲ့တယ်လို့ ပင်လယ်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဂျီဘရော်တာရေလက်ကြား၊ အယ်လ်ဘိုရမ် ပင်လယ်နဲ့ ကနေရီကျွန်းစုတွေနားက လှေတွေပေါ်ကနေ ကယ်ခဲ့တာလို့ စပိန်မီဒီယာတွေက သတင်း ဖော်ပြပါတယ်။ စပိန်ပင်လယ်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဟာ အယ်လ်ဘိုရမ် ပင်လယ်ထဲမျောနေတဲ့ လှေတစင်းပေါ်က ရွှေ့ပြောင်းနေထိုင်သူတွေကို ကမ်းခြေစောင့် သင်္ဘောတစင်းပေါ် ပြောင်းကယ်နေတာနဲ့ လှေပေါ်ကနေ ရေထဲကျသွားတဲ့ အမျိုးသားတဦးကို ကယ်ဆယ်နေတဲ့ ဗီဒီယိုကို ဇွနလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အခုလအစောပိုင်းတုန်းကလည်း စပိန်နိုင်ငံဟာ ပင်လယ်ထဲကနေ ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တင်လာတဲ့ ကူအညီပေးရေးသင်္ဘော အကွေးရီးယက်စ်ကို ကမ်းကပ်ခွင့် ပေးခဲ့ပါတယ်။ အဲဒီတုန်းက အီတလီနဲ့ မော်လ်တာနိုင်ငံတို့ဟာ ဒီသင်္ဘောကို ကမ်းကပ်ခွင့် ပိတ်ခဲ့ပါတယ်။
3 years Ago

January 19, 2018

ကမ်းခြေတွင် ပျောက်ဆုံးနေသည့် လူငယ် ၂ ဦးကို ဒရုန်းအကူအညီဖြင့် ကယ်တင်

သြစတြေးလျကမ်းရိုးတန်း ကမ်းခြေတခုမှာ အင်အားပြင်းတဲ့ ရေလှိုင်းကြား ပျောက်ကွယ်သွားတဲ့ ဆယ်ကျော်သက် ရေလှိုင်းစီးသူ နှစ်ယောက်ကို လူမပါတဲ့ (ဒရုန်း)ယာဉ်ရဲ့ အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ ဆစ်ဒနီမြို့မြောက်ပိုင်း ၄၆၆ မိုင် အကွာမှာရှိတဲ့ နာမည်ကြီး လန်းနော့ဟက်ဒ် ပင်လယ်ကမ်းစပ်မှာ အသက် ၁၆ နှစ်နဲ့ ၁၇ အရွယ်ရှိကြတဲ့  လူငယ်နှစ်ယောက်ဟာ ဒေသစံတော်ချိန် နေ့လယ်ပိုင်းလောက်က အင်အားပြင်းတဲ့ ရေလှိုင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သက်ကယ်ဒရုန်းလေယာဉ်ဟာ ချက်ချင်းဆိုသလို သူတို့ရဲ့ တည်နေရာကို ရှာဖွေပြီး သက်ကယ်ဘောကွင်းကို ချပေးနိုင်ခဲ့ပါတယ်။ ဒ့ါဟာကမ္ဘာပထမဦးဆုံးဖြစ်ရပ်ဖြစ်ပြီး ဒရုန်းကိုသုံးတာက တည်နေရာ ရှာတဲ့နေရာမှာ ပိုမြန်တယ်လို့ ဒေသခံအစိုးရ အရာရှိတွေက ပြောခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ လူ ၂၄ သန်းလောက်ဟာ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လကုန်မှာ  ရေနစ်သေဆုံးသူ ၂၉၁ ဦးထိရှိခဲ့ပါတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် အရေအတွက်တိုးလာခဲ့ပေမယ့် မြို့အလိုက် ရေနစ်သေဆုံးသူ အရေအတွက် လျော့ကျခဲ့တယ်လို့  ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
3 years Ago
More News
Up