ကယ်ဆယ်ရေးအဖွဲ့များ

July 1, 2018

လိုဏ်ဂူတွင်း ကယ်ဆယ်ရေးအဖွဲ့များ ဒဏ်ရာရသူများကို ကယ်ဆယ်ရန် အစမ်းလေ့ကျင့်

ထိုင်းစစ်သားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ချင်းရိုင်ခရိုင်ထဲက ရေပြည့်နေတဲ့ လိုဏ်ဂူထဲမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ ယောက်ျားလေး ၁၂ ယောက်ကို ရှာဖွေနေချိန်မှာပဲ ဒဏ်ရာရသူတွေကို ဘယ်လိုရွှေ့ပြောင်းမလဲဆိုတာကို ဇွန်လ ၃ဝ ရက်မှာ အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား ယောက်ျားလေး ၁၂ ဦးနဲ့ သူတို့ နည်းပြတဦးတို့ဟာ သမ်လောင်ဂူထဲ ဝင်သွားချိန် ပြန်မထွက်နိုင်ဘဲ ပျောက်ဆုံးနေလို့ အာဏာပိုင်တွေက ရှာဖွေရေးတွေ လုပ်နေတာပါ။ အမေရိကန်နိုင်ငံရဲ့ ပစိဖိတ်တိုင်း ကွပ်ကဲရေးတပ်ဖွဲ့အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ၊ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မိုးကြောင့် ရေပြည့်သွားတဲ့ဂူထဲမှာ ရှာဖွေရေး လုပ်ေနကြတာ ၇ ရက်ရှိသွားပြီ ဖြစ်ပါတယ်။ ရှာဖွေရေးအဖွဲ့တွေဟာ မိုးရေပြည့်နေတဲ့ဂူထဲကို အပေါ်ပိုင်းကနေ ဝင်နိုင်ဖို့ အပေါက်တွေ ပက်ကြားအက်တွေကို အစောပိုင်းမှာရှာဖွေထားပါတယ်။ ပျောက်ဆုံးနေသူတွေ တွေ့ရှိပြီး အသုံးပြုနိုင်အောင်လည်း ရေ၊ အစားအစာ၊ ဆေးဝါး၊ ဓာတ်မီးနဲ့ စာတစ်စောင်တို့ကို ဂူအက်ကြောင်းတစ်ခုကနေ ချထားပေးတယ်လို့ ရဲတပ်ဖွဲ့ကပြောထားပါတယ်။
3 years Ago
Up