ကယားပြည်နယ်အစိုးရ

A d v e r t i s e m e n t With Us

July 19, 2020

အာဇာနည်နေ့အခမ်းအနား ကယားပြည်နယ်အစိုးရနှင့်ပါတီအချို့ တက်ရောက်ဂါရဝပြု

ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ ကျရောက်တဲ့  ၇၃ နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် အဖြစ် ကယားပြည်နယ်အစိုးရအဖွဲ့က  အာဇာနည်ကျောက်တိုင်ကွင်းမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့ ကန္တဟေဝန်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း သွားရောက်အလေးပြုခဲ့ကြသလို ရွှေတောင်ပရိယတ္တိ စာသင်တိုက် ဆရာတော်နဲ့ သံဃာတော်အရှင်သူမြတ်တွေကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်အရ လူစုလူဝေးမဖြစ်စေရေး အစိုးရအဖွဲ့ဝင်တွေနဲ့ ပါတီတချို့သာ အာဇာနည်တွေကို ဂါရဝပြုခဲ့ကြပါတယ်။ ဓာတ်ပုံ- နော်နိုရင်း
8 months Ago

May 15, 2020

COVID-19 ဆိုင်ရာအမိန့်များ ကယားပြည်နယ်အစိုးရ မေ ၃၁ ရက်အထိသက်တမ်း ထပ်တိုး

COVID-19 ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး မေ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ကယားပြည်နယ်အစိုးရရဲ့ အမိန့်စာတွေကို မေလ ၃၁ ရက်နေ့အထိ ထပ်တိုးကြောင်း ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ထိုးပြီး ဒီကနေ့ ထပ်မံထုတ်ပြန်လိုက်ပါတယ်။  ကယားပြည်နယ်အတွင်းမှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်စာအမှတ် ၉၊ ၁၀ နဲ့ ၁၁ တို့ကို မေလကုန်အထိ ထပ်တိုးလိုက်တာပါ။  အမိန့်စာအမှတ် ၉ ကတော့ ကယားပြည်နယ်အတွင်း လူစုလူဝေးနဲ့ ကျင်းပပြုလုပ်ရတဲ့  အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အစည်းအဝေးနဲ့ သင်တန်းတွေ မကျင်းပဖို့ ရုပ်ရှင်ရုံတွေ၊ အရောင်းမြှင့်တင်ရေးပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ ဘော်ဒါဆောင်နဲ့ မူကြိုကျောင်းတွေ ဖွင့်လှစ်ခြင်းမပြုဖို့ ပါရှိပါတယ်။  အမိန့်စာ အမှတ် ၁၀ ကတော့ ပြည်တွင်း/ ပြည်ပ ခရီးသွားဝင်/ ထွက်မှုများပြားပြီး လူစုလူဝေးများပြားတဲ့ ကယားပြည်နယ်အတွင်းရှိ ထီးစဲခါးရေတံခွန်၊ ကြတ်ဂူ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ထီးပရူနူဂူ၊ ဆင်ဖြူတောင် နေရာတွေကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ တားမြစ်ထားတာပါ။  အမိန့်အမှတ် ၁၁ ကတော့ ပြည်နယ်အတွင်းရှိ နေ့စဉ်ရောင်းချနေတဲ့ဈေးကို တပတ် ၃ ကြိမ်သာရောင်းချဖို့ ထုတ်ပြန်တဲ့ အမိန့်စာဖြစ်ပါတယ်။  အဲဒီအမိန့်စာ ၃ ခုကို မေလ ၁၅ ရက်နေ့အထိ တခါ ထပ်တိုးခဲ့သလို အခု နောက်ထပ် မေလကုန်အထိ ၁၅ ရက် ထပ်တိုးလိုက်တာလည်းဖြစ်ပါတယ်။  ဒီအမိန့်စာတွေကို သက်တမ်းထပ်တိုးထားပေမယ့် ညမထွက်ရအမိန့်ကိုတော့ ညနေ ၁၀နာရီကနေ မနက် ၄ နာရီအစား ည ၁၂ နာရီကနေ မနက် ၄  နာရီ အထိ အချိန် လျှော့ချထုတ်ပြန်ထားပါတယ်။ 
10 months Ago
Up