ကယားပြည်နယ်ဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

October 27, 2020

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအမှု ဖွဲ့စည်းပုံခုံရုံး အပြီးသတ်ဆုံးဖြတ်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော်သမ္မတမှတဆင့် တင်သွင်းထားတဲ့ တင်သွင်းလွှာအမှတ် ၁/၂၀၂၀ အမှုနဲ့ပတ်သက်ပြီး  အောက်တိုဘာ ၂၇ ရက် ဒီမနက် ၁၀ နာရီက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံးရုံးက e-Court စနစ်နဲ့ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။  ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒဆိုင်ရာခုံရုံးသို့ တင်သွင်းပိုင်ခွင့်ရှိကြောင်း ခုံရုံးက ဆုံးဖြတ်လိုက်သလို  စွပ်စွပ်ပြစ်တင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး  ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ ထံမှတဆင့် လွှတ်တော်သို့ အဆိုတရပ်အဖြစ် တင်သွင်းရမယ်လို့လည်း ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ “ဆုံးဖြတ်ချက်၊ ယင်းတင်သွင်းလွှာကို ခွင့်ပြုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ခ)နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးသို့မဟုတ်၊ ပြည်နယ်ဝန်ကြီးချုပ်သို့ မဟုတ်ဝန်ကြီးတစ်ဦးဦးအပေါ် ဖော်ပြပါအကြောင်း စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံမှတဆင့် လွှတ်တော်သို့ အဆိုတရပ်အဖြစ်တင်သွင်းရမည်ဟု၊ အနက်အဓိပ္ပါယ်ဖွင့်ဆို လိုက်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သင့်လျှော်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမယ်ဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။” လို့ ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။  ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲ ပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးက အောက်တိုဘာ ၆ ရက်မှာ    အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့ပြီး ဒီကနေ့အမိန့်ချက်မှတ်လိုက်တာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့ အပေါ်  ခုံရုံးက ကြားနာတာလည်း ဖြစ်ပါတယ်။ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် အငြင်းပွားခဲ့တာဖြစ်ပါတယ်။  ဒါ့အပြင် စွပ်စွဲသူတွေထဲက တစ်ဦး နုတ်ထွက်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနည်းဆုံး ၄ ပုံ ၁ ပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ပြည်နယ်လွှတ်တော်ကဆက်လက် စုံစမ်းစစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီးလည်း ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ အငြင်းပွားခဲ့ကြတာလည်း ဖြစ်ပါတယ်။ 
3 months Ago

September 4, 2020

ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲသည့်ကိစ္စ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ဟု သမ္မတရုံးရှင်းလင်း 

ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်က ရပ်စဲတဲ့ကိစ္စမှာ  အစိုးရအနေနဲ့ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက် သမ္မတအိမ်တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မဲခွဲဆုံးဖြတ်ပြီးနောက်  စက်တင်ဘာလ ၃ ရက်နေ့မှာ သမ္မတက  တာဝန်ကနေ ရပ်စဲလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက “ ပြီးခဲ့တဲ့ကိစ္စတွေကို အခုပြန်ပြီးလုပ်တဲ့အခါမှာ သူ့ရဲ့ဖြစ်စဉ်ဖြစ်ပွားရခြင်းနောက်ကွယ်က အကြောင်းတရားတွေရှိပါလိမ့် မယ်။ ဒါတွေကိုတော့ မပြောလိုဘူး။ အဲ့တော့ တတိယအချက်အနေနဲ့ နိုင်ငံတော်သမ္မတကြီးပေါ့နော်။ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဆောင်ရွက်ရတဲ့ သဘောရှိပါတယ်။ ဒီအပေါ်မှာလည်း သက်ဆိုင်တဲ့ ကာယကံရှင်ကိုယ်တိုင်က တင်ပြလာတယ်။ ဒီဖြစ်စဉ်တွေကို သမ္မတရုံးကိုတင်ပြပါတယ်။ တင်ပြလာတော့ သူ့ကိုကျနော်တို့ ရာထူးက ရပ်နားခြင်း မပြုခင် သူ့ရဲ့တင်ပြချက်၊ အဲ့တော့ သူ့ရဲ့တင်ပြချက်ကလည်း လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ interpret လုပ်ပေးဖို့ တင်ပြလာတာတွေရှိတယ်။ အဲ့ဒါတွေလည်း အခြေခံဥပဒေအရ လုပ်ထုံး လုပ်နည်းနဲ့အညီပဲ သမ္မတရုံးအနေနဲ့ ဆောင်ရွက်ထားကြောင်းဖြေကြားလိုပါတယ်” လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်တွေအရ အခုလို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ကနေ ရပ်စဲခံရတာပါ။  ဒီဖြစ်စဉ်ဟာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်လျာထားတာမှာ မပါဝင်တဲ့အတွက် အလားတူ မပါဝင်တဲ့ အဖွဲ့ချုပ်ဝင် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ်ကမဟုတ်တဲ့ တခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်တွေရဲ့ အင်အားကို ရယူပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမယ့် ဆောင်ရွက်မှုဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဟာ  ဥပဒေနဲ့အညီ မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သုံးသပ်ပြီး နောင်မှာ ဒီလိုဖြစ်ရပ်မျိုး မပေါ်ပေါက်အောင်ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
5 months Ago
More News
Up