ကယန်း​ဒေသတွင်​ ​ဘိန်းစိုက်​ပျိုးမှု​လျှော့ချ​ရေး နှစ်​ရှည်​သီးနှံပျိုးပင်​ ​ထောက်​ပံ့

June 24, 2018

ကယန်း​ဒေသတွင်​ ​ဘိန်းစိုက်​ပျိုးမှု​လျှော့ချ​ရေး နှစ်​ရှည်​သီးနှံပျိုးပင်​ ​ထောက်​ပံ့

ကယန်း​ဒေသက ​နေရာ​အချို့မှာ ဘိန်းစိုက်​ပျိုးမှု​တွေ ရှိ​နေ​သေးတာ​ကြောင့် ဘိန်း​စိုက်​ပျိုးမှု​ လျှော့ချ​ရေးကို အ​ထောက်​အကူပြုနိုင်​မယ်​ နှစ်​ရှည်​သီးနှံပျိုးပင်​​တွေကို ဇွန်လ ၂၃ ရက်​​နေ့မှာ ဖယ်​ခုံကရုဏာအဖွဲ့က ​​ဒေသခံ​တောင်​သူ​တွေကို ​ထောက်​ပံ့ပေးပါတယ်​။ ဖယ်​ခုံကရုဏာအဖွဲ့ရဲ့ စိုက်​ပျိုး​ရေးစီမံကိန်းတာဝန်​ခံ ကိုအန်း​ဂျေလိုက "ကျ​နော်​တို့ ဒီဘက်​​ဒေသမှာ အထူးသဖြင့် ဘိန်းစိုက်​ပျိုးတဲ့ ဧရိယာဖြစ်​တယ်​​ပေါ့​နော်​။ အဲ့ဒါ​ကြောင့်မို့လို့ နှစ်​ရှည်​ပင်​​တွေနဲ့ ကျ​နော်​တို့ တစဖက်​တ​လမ်း ပံ့ပိုးမယ်​ဆိုရင်​​တော့ ဘယ်​လိုပဲဖြစ်​ဖြစ်​ ​တောင်​သူ​တွေက အမြင်​​ပြောင်းလဲပြီး​တော့ နှစ်​ရှည်​ပင်​ဘက်​ ပိုပြီး စိတ်​ဝင်​စားလာမယ်​လို့ ကျ​နော်​တို့ ရည်​ရွယ်​ထားပါတယ်​" လို့ ​ပြောပါတယ်​။ ဒါ့အပြင်​ ခုလို နှစ်​ရှည်​စိုက်​ပျိုးပင်​​တွေ ​ထောက်​ပံ့တဲ့ စီမံကိန်းကို အ​ကောင်​အထည်​​ဖော်​ရတာဟာ ​ရွှေ့​ပြောင်း​တောင်​ယာလုပ်​ကိုင်​တာ​တွေ ​လျှော့နည်း​ဖို့နဲ့ ​​ဒေသခံ​တွေရဲ့ ခက်​ခဲ​နေတဲ့ စားဝတ်​​နေ​ရေး ကိစ္စ​တွေကို ​ဖြေရှင်းနိုင်​ဖို့အတွက်​လို့ ဆိုပါတယ်​။ ဖယ်​ခုံမြို့နယ်​ ရီနွဲ့​ကျေးရွာအုပ်​က ​ကျေးရွာ ၁၃ ရွာနဲ့ ပင်​​လောင်းမြို့နယ်​ ဘန်းဘာ​ကျေးရွာအုပ်​စုက ​ကျေးရွာ ၃ ရွာက အိမ်​​ထောင်​စု ၆ဝဝ ​​ခန့်​ကို ​ကော်​ဖီပျိုးပင်​ ၅ သိန်း၊ လိမ္မော်​ပျိုးပင်​ ၆၄ဝဝဝ နဲ့ ဖာလာပျိုးပင်​ ၂ သိန်းကို ​ထောက်​ပံ့​ပေးခဲ့တာပါ။ ​ဒေသခံ​တောင်​သူ​တွေကို ပျိုးပင်​စိုက်​ပျိုးနည်းနဲ့ ပြုစုနည်းအတွက်​ သင်​တန်း​ပေးထားပြီဖြစ်​ပြီး လာမယ့် ၃ နှစ်​နဲ့ ၄ နှစ်​​လောက်​ကျရင်​ သီးနှံထွက်​ရှိလာမှာဖြစ်​လို့ ​ဈေးကွက်​ရှာ​ဖွေနိုင်​ဖို့အတွက်​ ဖယ်​ခုံဂရုဏာအဖွဲ့က ဆက်​ပြီး ကူညီသွားမှာဖြစ်​ပါတယ်​။ သီးနှံပျိုးပင်​​တွေကို ဖယ်​ခုံမြို့နယ်​ ရီနွဲ့​ကျေးရွာအုပ်​စု လအိ​ကျေးရွာမှာရှိတဲ့ ဟန်​အိုတိုက်​နယ်​ ကက်​သလစ်​ဘုန်းကြီး​ကျောင်းမှာ​​ အခမ်းအနားနဲ့ ​ပေးအပ်​ခဲ့ပြီး ဖယ်​ခုံမြို့နယ်​ အစိုးရဌာနဆိုင်​ရာပုဂ္ဂိုလ်​​တွေ၊ ကယန်းပြည်​သစ်​ပါတီတာဝန်​ရှိသူ​တွေနဲ့ ကယန်းမျိုးဆက်​သစ်​လူငယ်​အဖွဲ့​ကိုယ်​စားလှယ်​​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ ဖယ်​ခုံဂရုဏာအဖွဲ့ဟာ ကယန်း​ဒေတွင်းမှာ နှစ်​ရှည်​သီးနှံစိုက်​ပျိုး​ရေးစီမံကိန်းအပြင်​ ​ဒေသအ​ခြေပြု စပါးဘဏ်​တည်​​ထောင်​​ပေးတာ​တွေ၊ ​ဂေဟမပျက်​စိုက်​ပျိုး​ရေး သင်​တန်း​ပေးတာ​တွေ၊ ​မြေယာဥပ​ဒေနဲ့ ​ဈေးကွက်​ချိတ်​ဆက်​မှုဆိုင်​ရာ သင်​တန်း​​ပေးတာ​တွေလည်း ​ ပြုလုပ်​​နေပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး
3 years Ago
Up