ကမ္ဘာဂြိုဟ်အရွယ်အစားရှိ ဂြိုဟ်ကြီး ၇ လုံးတွေ့ရှိ (ရုပ်သံ)

February 23, 2017

ကမ္ဘာဂြိုဟ်အရွယ်အစားရှိ ဂြိုဟ်ကြီး ၇ လုံးတွေ့ရှိ (ရုပ်သံ)

နေစကြာဝဠာ အဖွဲ့အစည်းအတွင်းမှာ ကမ္ဘာဂြိုဟ်အရွယ်အစားရှိတဲ့ ဂြိုဟ်ကြီး ၇ လုံးကို အာကာသသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီက နေ့ဖော်ပြပါတယ်။ အဲဒီဂြိုဟ်ကြီး ၇ လုံးဟာ ကမ္ဘာကနေ အလင်းနှစ် ၄၀ အကွာမှာ တည်ရှိပြီး ဂြိုဟ် ၇ လုံးစလုံးမှာ ကမ္ဘာမြေပြင်နဲ့ တူညီတဲ့ သွင်ပြင်လက္ခဏာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါဂြိုဟ်တွေရဲ့ အရွယ်အစားဟာ ကမ္ဘာဂြိုဟ်နဲ့ အရွယ်အစားတူညီပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ ရေပါရှိနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ အဝေးကြည့်မှန်ပြောင်းတွေ အသုံးပြုပြီး ရေထုရှိမရှိ အထောက်အထားတွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီဂြိုဟ်တွေကို နေစကြာဝဠာအဖွဲကအစည်းအတွင်းမှ ထရက်ပစ်ထ်-၀မ်းကြယ် ကို လှည့်ပတ်နေတဲ့ ပတ်လမ်းကြောင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါကြယ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၃၉ နှစ်( ကီလိုမီတာ ၃၅၀ ထရီလီယံ) ကွာဝေးပါတယ်။
4 years Ago
Up