ကမ္ဘာပြင်ပတွင် စိုက်ပျိုးသည့်ပန်းပင်မှ ပထမဆုံး ပန်းပွင့်

January 19, 2016

ကမ္ဘာပြင်ပတွင် စိုက်ပျိုးသည့်ပန်းပင်မှ ပထမဆုံး ပန်းပွင့် (သတင်းဓာတ်ပုံ)

ကမ္ဘာ့လေထုပြင်ပ အာကာသစခန်းမှာ စမ်းသပ်စိုက်ပျိုးထားတဲ့ ပန်းပင်ကနေ ပထမဆုံး ပွင့်ခဲ့တဲ့ ပန်းပွင့်တွေရဲ့ ပုံတွေကို နာဆာက ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဇင်နီယာ (ဒေါင်းဖန်ဝါ) ပန်းပင်တွေကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ မေလမှာ စတင်စမ်းသပ် စိုက်ပျိုးခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ပန်းပင်စိုက်ပျိုးမှု စီမံကိန်းမန်နေဂျာ ထရန့်တ်စမစ်က ဒီပန်းပင်အမျိုးအစားဟာ အလင်းရောင်နဲ့ ပတ်ဝန်းကျင် အတိုင်းအတာပေါ် မူတည်ပြီး ထိရှလွယ်တဲ့အတွက် သူတို့အနေနဲ့ အကြမ်းဖျင်း ရက်ပေါင်း ၆၀ ကနေ ၈၀ ကြား အချိန်ကြာမြင့်စွာ ပျိုးထောင်ခဲ့ရတယ်လို့ ရှင်းပြပါတယ်။ ဒီပန်းပင်တွေကို စိုက်ပျိုးထားချိန်တွင်းမှာ ပန်းဥယျာဉ်တွင်း စိုထိုင်းဆ များပြားတဲ့အတွက် သူတို့အနေနဲ့ အပင်က အရွက်တွေ ကြွေကျသွားမလားလို့ စိုးရိမ်နေခဲ့ကြပြီး သူတို့ထဲက ၂ ပင်ဟာ သေသွားခဲ့တယ်လို့ ဆိုပါတယ်။ နာဆာ လူသားရင်းမြစ်သုတေသန အစီအစဉ်မှ သိပ္ပံပညာရှင် အလက်ဇန္ဒားဝှစ် မိုင်ယာက ခုလို အားထုတ်စိုက်ပျိုးအောင်မြင်မှုဟာ အနာဂတ်ကာလ (ကမ္ဘာနဲ့ အာကာသကြား) သွယ်ဝိုက်ဆက်နွယ်နေမှုအတွက် အရေးပါလာပြီလို့ ပြောပါတယ်။ သတင်းဓာတ်ပုံ - စီစီတီဗွီ  
7 years Ago
Up