ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပီရူးနတ်ဆရာများ အစီအရင်ပြုလုပ်

June 14, 2017

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပီရူးနတ်ဆရာများ အစီအရင်ပြုလုပ် (ရုပ်သံ)

ပီရူးနိုင်ငံ လီမာမြို့မှာ ဇွန်လ ၁၂ ရက်နေ့က ပီရူးနတ်ဆရာ ၄ ဦးဟာ  ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အစီအရင်တွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ ဓာတ်ပုံကို အရွက်တွေနဲ့တိုက်ချပြီး နှုတ်ကလည်း မန္တန်တွေ ရွတ်ဆိုကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရအောင် တောင်းဆိုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နတ်ဆရာ ဟွမ်အော်စကိုက “ဆရာတို့က ပဋိပက္ခတွေ၊ စစ်တွေ၊ သတ်ဖြတ်မှုတွေ မရှိအောင် ဆုတောင်းပေးနေတာပါ။ ဒါကြောင့်မို့ ဆရာတို့ နတ်ဆရာ ၄ ဦး ပူးပေါင်းပြီး ငြိမ်းချမ်းမှုရှိအောင် အစီအရင်တွေ လုပ်ပေးနေတာပါ” လို့ ပြောပါတယ်။ သူတို့ဟာ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း ကြုံနေရတဲ့ ဗင်နီဇွဲလားနိုင်ငံအတွက်လည်း ဆုတောင်းခဲ့တယ်လို့ ဆိုပါတယ်။ “လက်ရှိ ဗင်နီဇွဲလားသမ္မတအတွက်လည်း လုပ်ပြီးပါပြီ။ သမ္မတ မာဒူရို  စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ပါစေ။ လူတွေ သေကျေေနတာတွေ ရပ်တန်းက ရပ်စေ” လို့ နတ်ဆရာ ဟွမ်အော်စကိုက ဆက်ပြောပါတယ်။ အစီအရင်တွေ ပြုလုပ်ပြီးနောက်မှာတော့ နတ်ဆရာတွေက ၂၀၁၇ ခုနှစ်ဟာ ပရမ်းပတာနိုင်တဲ့ခုနှစ် ဖြစ်လိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့ပါတယ်။ ပီရူးနတ်ဆရာတွေရဲ့ ဆုတောင်းမှုတွေဟာ ပီရူးနိုင်ငံမှာ ထင်ရှားတဲ့ အစဉ်အလာ ဖြစ်လာပါတယ်။
4 years Ago
Up