အသက် ၁၉ နှစ်သာရှိသေးတဲ့ ဗင်နီဇွဲလားနိုင်ငံသား ဂျေဆန်ရိုဒရီးဂက်စ်ဟာ ကမ္ဘာ့ခြေဖနောင့်အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်သွားပြီလို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
သူ့ရဲ့ညာဘက်ခြေဖနောင့်ဟာ အံ့အားသင့်ဖွယ် ၄၀ ဒဿမ ၁ စင်တီမီတာရှည် ပြီး ဘယ်ဘက်ခြေဖနောင့်ကတော့ ၃၉ ဒသမ ၆ စင်တီမီတာရှည်ပါတယ်။
သူ့အသက် ၁၀ နှစ်မတိုင်ခင်ထိ သူ့ခြေဖနောင့်တွေဟာပုံမှန်ပဲဖြစ်ခဲ့ပြီး ၁၄ နှစ်အရွယ်မှာတော့ သာမန်ဖိနပ်တွေဟာ သူနဲ့မတော်တော့တဲ့အတွက် ဆိုင်က အထူးချုပ်ဖိနပ်တွေကို မှာယူဝတ်ဆင်ခဲ့ရပြီး အချိန်တော်တော်တော်များများမှာတော့ ခြေဗလာနဲ့ ရိုးရှင်းစွာ နေလေ့ရှိတယ်လို့ သတင်းက ဆိုပါတယ်။
ခုချိန်မှာတော့ ဂျေဆန်ရိုဒရီးဂက်စ်ဟာ ကြီးထွားဟော်မုန်းထုတ်လွှတ်မှုဒဏ်ကို ခံနေရပြီး သာမန်လူတွေထက် ပိုမိုကြီးထွားလာနေတာပါ။
5 years Ago