ကမ္ဘာ့အကြီးဆုံး အနုကြည့်မှန်ပြောင်း

A d v e r t i s e m e n t With Us

September 25, 2016

တခြားဂြိုလ်က သက်ရှိများကို ရှာဖွေရန် ကမ္ဘာ့အကြီးဆုံး အနုကြည့်မှန်ပြောင်း တရုတ်တပ်ဆင်

အခြားဂြိုလ်က သက်ရှိတွေကို ရှာဖွေဖို့အတွက် “မြန်နှုန်းမြင့်”လို့ အမည်ပေးထားတဲ့ အလင်းဝင်ပေါက်အကျယ် ၅၀၀ မီတာရှိတဲ့ အနုကြည့်မှန်ပြောင်းကို တရုတ်နိုင်ငံက တပ်ဆင်ပြီးသွားတယ်လို့ သိရပါတယ်။ ဒီဟာက ကမ္ဘာပေါ်မှာ အကြီးဆုံး ရေဒီယိုအနုကြည့်မှန်ပြောင်းလည်း ဖြစ်ပါတယ်။ “ဒီမြန်နှုန်းမြင့်ဆိုတဲ့” အနုကြည့်မှန်ပြောင်းကို တရုတ်ပြည်အနောက်တောင်ပိုင်း ခရိုင်တခုက ပင်တန်မှာရှိတဲ့ ကာ့စ်ထ် တောင်ကြားတွေထဲမှာ တပ်ဆင်ထားတာပါ။ မှန်ပြောင်းဟာ စကြာဝဠာကြီးရဲ့မူလအစကို ပိုမိုနားလည်နိုင်အောင် အဝေးမှာရှိတဲ့ အရာဝတ္တူတွေကို ရှာဖွေနိုင်မယ့် အခြားဂြိုလ်က သက်ရှိတွေကို ရှာဖွေဖို့အတွက် အများကြီး အထောက်အကူဖြစ်စေနိုင်မယ်လို့ ကျွမ်းကျင်သူတွေကတော့ ပြောထားပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ သတင်းထောက်တွေကတော့ တပ်ဆင်မှုပြီးဆုံးသွားတဲ့ အခမ်းအနားမှာ ရောက်ရှိနေကြပါတယ်။ ဒီမှန်ပြောင်းကို တရုတ်ပြည်ရဲ့စိတ်ကူးနဲ့သာ ပုံဖော်တည်ဆောက်ထား တာပါ။ မှန်ပြောင်းကိုတီထွင်ဖို့ စိတ်ကူးကတော့ ၁၉၉၄ ခုနှစ်ကတည်းက စခဲ့တာဖြစ်ပြီး တကယ်ဖန်တီးတဲ့အခါမှာတော့ ၅ နှစ်ကျော်ကြာခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်တာတွေကတော့ ၂ နှစ်ကနေ ၃ နှစ်အထိကြာပါလိမ့်မယ်။
4 years Ago
Up