ကမ္ဘာ့အမြင့်ဆုံး ရေခဲအဆောက်အအုံ (သတင်းဓာတ်ပုံ)

January 2, 2016

ကမ္ဘာ့အမြင့်ဆုံး ရေခဲအဆောက်အအုံ (သတင်းဓာတ်ပုံ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟန်လောင်ကျင်းခရိုင်မြို့တော် ဟဘင်းမှာ ကမ္ဘာ့ အမြင့်ဆုံး ရေခဲအဆောက်အအုံကို ဇန်န၀ါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်ပြသခဲ့ပါတယ်။ ရှေးခေတ် ဂေါသစ်ပုံစံ ဗိသုကာလက်ရာနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ရဲတိုက်ပုံစံ အဆောက်အအုံဟာ အကျယ်အ၀န်းဧရိယာ စတုရန်းမီတာ ၂၈၀၀ ပေါ်မှာ တည်ဆောက်ထားခဲ့ပြီး နှင်းခဲထု ကုဗမီတာ ၃၅၀၀၀ နဲ့ ပေါင်းစပ်တည်ဆောက်ထားတာလို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ (၁) ဒီပုံကတော့ အမြင့် ၅၁ မီတာရှိတဲ့ “နှင်းသရဖူ”လို့အမည်ပေးရမယ့်ရဲတိုက်ရှေ့မှာ လူတဦးက ကြည့်နေတဲ့ပုံဖြစ်ပါတယ်။ 1 (၂) ဒီပုံကတော့ “နှင်းသရဖူ” ရဲတိုက်ကို အဝေးကမြင်ရပုံပါ။ 2 (၃) ဒီပုံမှာတော့ ကမ္ဘာ့အကြီးဆုံးရေခဲအဆောက်အအုံကို အလုပ်သမားတွေတည် ဆောက်နေစဉ်တွင်းပုံဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ 3 (၄) ဒီပုံမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေက ရေခဲအဆောက်အအုံနဲ့ ဓာတ်ပုံရိုက်နေ ကြတာပါ။ 4 (၅) ဒီပုံမှာတော့ မီးထွန်းညှိ5ထားတဲ့ “နှင်းသရဖူ”ရဲတိုက်ရဲ့ လှပတဲ့ရှုခင်းပုံကို မြင်ရမှာပါ။  
6 years Ago
Up