ကမ္ဘာ့အမြင့်ဆုံး

April 3, 2017

မြောက်ကိုရီးယားကို လှမ်းမျှော်ကြည့်နိုင်မည့် ကမ္ဘာ့အမြင့်ဆုံး ၅ ခုမြောက် အဆောက်အဦ (ရုပ်သံ)

ဒီအဆောက်အဦပေါ်ကဆိုရင် မြောက်ကိုရီးယားနိုင်ငံကို လှမ်းမျှော် ကြည့်နိုင်ပါလိမ့်မယ်။ ဒီအဆောက်အဦဟာ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မှာတည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး ၅ ခုမြောက် အဆောက်အဦတခု ဖြစ်ပါတယ်။ လော်တီဝါးလ်ဒ်တာဝါလို့ အမည်ပေးထားတဲ့ ဒီအဆောက်အဦမှာ ကြယ် ၇ ပွင့်အဆင့်ရှိ ဟိုတယ်လည်း ပါဝင်နေတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မီးရှူးမီးပန်းတွေနဲ့ လှပစွာ ပုံဖော်ထားခဲ့တဲ့ အဆောက်အဦကို ရင်သပ်ရှုမော တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အမြင့် ၁၈၁၉ ပေမြင့်တဲ့ ဒီအဆောက်အဦထဲမှာ အထပ်ပေါင်း ၁၂၃ ထပ် ပါဝင်တယ်လို့ ဆိုပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု အနုလက်ရာတွေနဲ့ ထုံမွှမ်းထားတဲ့ ဒီအဆောက်အဦဟာ နယူးယောက်မြို့က ကမ္ဘာ့ ၆ ခုမြောက် အမြင့်ဆုံး အဆောက်အဦဖြစ်တဲ့ One World Trade Centre ထက် ၄၆ ပေ ပိုမြင့်ပါတယ်။ လော်တီဝါးလ်ဒ်တာဝါကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
4 years Ago
Up