ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများ၏ တကိုယ်တော်အစွမ်းဖြင့် ထိုးဖောက်ဂိုးသွင်းမှုများ

September 30, 2016

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများ၏ တကိုယ်တော်အစွမ်းဖြင့် ထိုးဖောက်ဂိုးသွင်းမှုများ (ရုပ်သံ)

ကမ္ဘာကျော်တိုက်စစ်မှူးတွေရဲ့ တကိုယ်တော်အစွမ်းနဲ့ ထိုးဖောက် ဂိုးသွင်းခဲ့တဲ့ အကောင်းဆုံးဂိုးတွေကို ယူကျု အင်တာနက်ဝက်ဘ်ဆိုက်မှာ စက်တင်ဘာ ၂၈ ရက်နေ့က စုစည်း ဖော်ပြထားပါတယ်။ ဒီရုပ်သံဖိုင်ထဲမှာ လက်ရှိ ခြေစွမ်းပြကစားနေတဲ့ အီဘရာဟီမိုဗစ်ခ်ျ၊ မက်ဆီ၊ နေမာ၊ ဂါရတ်ဘေးလ်၊ ရော်နယ်ဒို၊ တော်တီ၊ ဖာဘရီဂတ်စ်၊ ဆွာရက်ဇ်တို့ရဲ့ တကိုယ်တော် ခြေစွမ်းပြ ဂိုးသွင်းယူမှုတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒင်ဟို၊ ကာကာ၊ ရော်နယ်လ်ဒို၊ နိုင်ဂျီးရီးယားက ဂျေဂျေအိုကိုချာ၊ မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်၊ နစ္စတယ်ရွိုင်း၊ အာဂျင်တီးနားက ကမ္ဘာကျော်တိုက်စစ်မှူး မာရာဒိုနာ၊ တီဗက်ဇ်၊ ပြင်သစ်ကစားသမား ဇီဒန်း၊ အွန်နရီ၊ အင်္ဂလန် တိုက်စစ်မှူးဟောင်း အိုဝင်တို့ရဲ့ တကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်ဂိုးသွင်းယူမှုတွေကိုလည်း စုစည်း ဖော်ပြထားပါတယ်။
5 years Ago
Up