ကမ္ဘာ့အလှမယ်အဖြစ် အသက် ၁၉ နှစ်အရွယ် ပွါတိုရီကိုနိုင်ငံသူ ဆွတ်ခူး

December 19, 2016

ကမ္ဘာ့အလှမယ်အဖြစ် အသက် ၁၉ နှစ်အရွယ် ပွါတိုရီကိုနိုင်ငံသူ ဆွတ်ခူး (ရုပ်သံ)

ဒီဇင်ဘာ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမှာ ကျင်းပတဲ့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ အသက် ၁၉ နှစ်အရွယ်ရှိ ပွါတိုရီကိုနိုင်ငံသူ Ms Stephanie Del Valle က အနိုင်ရရှိသွားပါတယ်။ ဒုတိယဆုကို ဒိုမီနီကန်နိုင်ငံသူ Yaritza Ramirez က ရရှိပြီး တတိယဆုကိုတော့ အင်ဒိုနီးရှားနိုင်ငံသူ Natasha Mannuela က အသီးသီး ဆွတ်ခူးရရှိသွားပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
5 years Ago
Up