ကမ္ဘာ့အဆင့်

August 17, 2018

အင်္ဂလန်အသင်း ကမ္ဘာ့အဆင့် ၆ နေရာ တက်လှမ်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက သြဂုတ် ၁၆ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်အရ အင်္ဂလန်အသင်းဟာ ကမ္ဘာ့အဆင့် ၆ နေရာကို တက်လှမ်းသွားပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်လို့ အဆင့်သတ်မှတ်ချက် တက်လာတာပါ။ ဒါဟာ အင်္ဂလန်အတွက် ၂၀၁၃ နောက်ပိုင်းမှာ အမြင့်ဆုံး ရပ်တည်နိုင်တာပါ။ ကမ္ဘ့ာ့ဖလားချန်ပီယံ ပြင်သစ်ကတော့ အဆင့် ၁ နေရာကို ရောက်ရှိသွားပါတယ်။ ဘယ်လ်ဂျီယံက အဆင့် ၂၊ ဘရာဇီးက အဆင့် ၃၊ ခရိုအေးရှားက အဆင့် ၄၊ ဥရုဂွေးက အဆင့် ၅ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ ၂၀၁၄ ချန်ပီယံ ဂျာမနီကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ အိမ်ပြန်ရတဲ့အတွက် အဆင့် ၁၅ ကို လျော့ကျသွားပါတယ်။
3 years Ago
Up