ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံပြိုင်ပွဲ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖာရီ ဗိုလ်စွဲ

June 3, 2016

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ ဆေးရုံတက်ရောက် ကုသမှုခံနေရ

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုဟာမက်အလီဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတခုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံနေရတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရသူတဦးက ဇွန် ၂ ရက်နေ့မှာ ပြောပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မိုဟာမက်အလီဟာ အာရုံကြော အဖွဲ့အစည်းဆိုင်ရာ ရောဂါတမျိုးဖြစ်တဲ့ ပါကင်ဆန်ရောဂါကို ခံစားခဲ့ရပြီး ခုချိန်မှာတော့ သက်သာလာခဲ့ပြီလို့ သတင်းထုတ်ပြန်ချက်တခုမှာ ပြောရေးဆိုခွင့်ရသူ ဘော့ဂန်နဲလ်က ပြောပါတယ်။ “ဆေးရုံမှာ ကြပ်ကြပ်မတ်မတ် ကုသမှုတွေလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။ အီးအက်စ်ပီအန် သတင်းတပုဒ်မှာတော့ မိုဟာမက်အလီဟာ ဖီးနစ်စ်မှာ ဆေးရုံတက်ရောက် ကုသမှုခံခဲ့တာလို့ ဖော်ပြပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို ၃ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ မိုဟာမက်အလီဟာ ၁၉၈၁ ခုနှစ်မှာ ပြိုင်ဘက် ထရီဗာဘားဗစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်အပြီး အနားယူခဲ့တာပါ။ အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ သူဟာ ဆေးရုံကို အကြိမ်ကြိမ် တက်ရောက်ကုသမှုတွေ ခံယူခဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
7 years Ago

November 29, 2015

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံပြိုင်ပွဲ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖာရီ ဗိုလ်စွဲ

နိုဝင်ဘာ ၂၉ ရက်နေ့က ဂျာမနီနိုင်ငံ၊ ဒူဆယ်ဒေါ့ဖ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ ဟဲဗီးဝိတ်လက်ဝှေ့ ချန်ယံပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား တိုင်ဆန် ဖာရီဟာ ပြိုင်ဘက် လက်ရှိချန်ပီယံ ဗလာဒီမာကလစ်ရှ်ကိုကို အနိုင်ရခဲ့ပြီး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ်ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဗလာဒီမာကလစ်ရှ်ကို အနိုင်ရရှိမယ်လို့ လက်ဝှေ့အကျော်အမော်ဟောင်းတွေက သုံးသပ်ထားပေမယ့် တိုင်ဆန် ဖာရီက အမှတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် တိုင်ဆန် ဖာရီက “ကျနော် အမြဲပြောတာက ကျနော်ဘာတွေ ဆက်လုပ်မလဲဆိုတာပါ။ ဒီယုံကြည်ချက်နဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး”လို့ ပြောပါတယ်။ ဖာရီဟာ ကလစ်ရှ်ကိုကို ရမှတ် ၁၁၅-၁၁၂၊ ၁၁၅-၁၁၂၊၁၁၆-၁၁၁ နဲ့အနိုင်ရခဲ့တာ ဖြစ်ပြီး ကလစ်ရှ်ကိုရဲ့ ၉ နှစ်ဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့တဲ့ ချန်ပီယံဘွဲ့ကို ၆ လနဲ့ ချိုးဖြတ် အနိုင်ရယူခဲ့တာလို့ အေဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ရာစုသစ်အစဖြစ်ပြီး မိုဟာမက်အလီပြီးတဲ့နောက်မှာ သူဟာ သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်လာလိမ့်မယ်လို့ ဖာရီက ပြောပါတယ်။ ၀မ်းသာမျက်ရည်ဝဲနေတဲ့ ချန်ပီယံသစ် ဖာရီက “ခုလိုအနိုင်ရရှိခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ခုလိုအချိန်ရောက်ရှိလာဖို့ ကျနော်နေ့စဉ်ကြိုးစားခဲ့ရတယ်။ ခုတော့ အိပ်မက်တွေတကယ်ဖြစ်လာပါပြီ”လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကလစ်ရှ်ကိုဟာ လာမယ့်မေလမှာ အသက် ၄၀ ပြည့်တော့မှာဖြစ်ပြီး သူက “ကျနော်ကောင်းကောင်း ပြင်ဆင်ထားခဲ့ပေမယ့် ဒီညမှာ ကျနော်နှုန်း တွေ လျော့သွားတယ်။ သူ့ရဲ့ဒီလောက်မြန်တဲ့နှုန်းကို ကျနော်မျှော်လင့်မထားဘူး”လို့ ပြောပါတယ်။  
7 years Ago
Up