ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ကစားသမားဘဝမှ အနားယူ

August 4, 2017

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ကစားသမားဘဝမှ အနားယူ

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဝလာဒီမာ ကလစ်ခ်ျကိုဟာ လက်ဝှေ့ကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ယူကရိန်းနိုင်ငံသား ကလစ်ခ်ျကိုဟာ ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့ဟဲဗီးဝီတ် လက်ဝှေ့ပြိုင်ပွဲမှာ ဗြိတိန်က အန်သိုနီ ဂျော့ရှူဝါကို ၁၁ ချီမြောက်မှာ အရှုံးပေးထားရပါတယ်။ ကလစ်ခ်ျကိုဟာ လက်ဝှေ့သမားဘဝကနေ အနားယူကြောင်း ကြေညာချက်ကို သူ့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားတာပါ။ သူဟာ ၂၀၁၁ မှာ ဒေးဗစ်ဟေးကို အနိုင်ယူပြီး ကမ္ဘာ့ဟဲဗီးဝီတ် ချန်ပီယံသရဖူကို ရယူနိုင်ခဲ့ပါတယ်။ ယူကရိန်းသားဟာ ၂၀၁၅ မှာ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ စိန်ခေါ်ပွဲမှာ ဗြိတိန်က တိုင်ဆန်ဖူရီကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်ဆန်ဖူရီဟာ တားမြစ်ဆေးဝါး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် ကလစ်ခ်ျကိုက ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ကလစ်ခ်ျကိုဟာ ကစားသမားသက်တမ်းမှာ ၆၄ ပွဲနိုင်ပြီး ၅ ပွဲ ရှုံးထားပါတယ်။
4 years Ago
Up