ကမ္ဘာ့လှည့်ခရီးသည်

July 18, 2018

တရုတ်နိုင်ငံ အဓိကမြို့ကြီး ၄ မြို့တွင် အီတလီရဲအရာရှိများနှင့် တရုတ်ရဲ ပူးတွဲကင်းလှည့်

တရုတ်နိုင်ငံရဲ့ အဓိကမြို့ကြီးလေးမြို့ဖြစ်တဲ့ ဘေကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုးနဲ့ ရှီးအန်းမြို့တွေက ကမ္ဘာလှည့်ခရီးသည်တွေ ကျင်လည်ရာ အထင်ကရ နေရာတွေမှာ အီတလီ ရဲအရာရှိ ၈ ဦးဟာ ဒေသခံ တရုတ်ရဲတွေနဲ့အတူ ဇူလိုင် ၁၆ ရက်က စပြီး ၁၂ ရက်ကြာ ကင်းလှည့်ကြမှာ ဖြစ်ပါတယ်။ အီတလီ ကမ္ဘာလှည့်ခရီးသည်တွေ ဘေးကင်းရေးကိစ္စ ဧည့်အရာရှိတွေက ကူညီကြမှာပါ။ အီတလီရဲတွေက တရုတ်ရဲတွေကို အကြံဉာဏ်ပေးမှာဖြစ်ပြီး လက်နက်ကိုင်ဆောင်မှာ မဟုတ်ဘူးလို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းတွေက ဆိုပါတယ်။ မနှစ် ဧပြီလထဲမှာ အီတလီရဲတွေကို ဘေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ ပူးတွဲကင်းလှည့်ဖို့ ပထမဆုံး ဖိတ်ခဲ့တာပါ။ ၂၀၁၆ မေလမှာ အီတလီရဲ့ လမ်းတွေပေါ် ကင်းလှည့်ဖို့ တရုတ်ရဲအရာရှိ အုပ်စု ၃ စုကို တရုတ်အစိုးရက စေလွှတ်ဖူးပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ ဘေးကင်းရေး အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေ မကြာခဏ လုပ်သွားမယ်လို့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုညွှန်မှူး ဟူပင်းပင်းက ပြောပါတယ်။
5 years Ago
Up