ကမ္ဘာ့ဖလား Indoor Skydiving

October 31, 2018

ကမ္ဘာ့ဖလား Indoor Skydiving ပြိုင်ပွဲတွင် ပြင်သစ်အသင်းအနိုင်ရ

ဘာရိန်းနိုင်ငံ၊ ဇာလက်မြို့မှာ အောက်တိုဘာ ၂၅ ရက်ကနေ ၂၈ ရက်အထိ ကျင်းပတဲ့ ကမ္ဘာ့ဖလား Indoor Skydiving ပြိုင်ပွဲမှာ ပြင်သစ်အသင်းက လေးယောက်တွဲ ပွဲစဉ်မှာ ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။ ကမ္ဘာတ၀န်းက  ပြိုင်ပွဲဝင်ပေါင်း ၂၄၀ က အဲဒီပြိုင်ပွဲ  ပွဲစဉ်အမျိုးမျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး   စင်္ကာပူအသင်းက D2 Women's Open ပွဲစဉ်မှာ အနိုင်ရခဲ့ပါတယ်။ အလားတူ လက်ဗီးယားနိုင်ငံက တွမ်အီဗန်ကလည်း တဦးချင်း အလွတ် Skydiving ပွဲစဉ်မှာ အောင်ပွဲခံခဲ့တယ်လို့ ရိုက်တာသတင်းအရ  သိရပါတယ်။
3 years Ago
Up