ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း ၄၈ သင်းအထိ တိုးမြှင့်မည့်အစီအစဉ် ဖီဖာဥက္ကဋ္ဌ တင်ပြ

A d v e r t i s e m e n t With Us

October 5, 2016

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း ၄၈ သင်းအထိ တိုးမြှင့်မည့်အစီအစဉ် ဖီဖာဥက္ကဋ္ဌ တင်ပြ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၄၈ သင်းအထိ တိုးမြှင့်ဖို့ အစီအစဉ်ကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက တင်ပြထားပါတယ်။ အသက် ၄၆ နှစ်အရွယ် အင်ဖန်တီနိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က  ဖီဖာဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ဖီဖာဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ ပေးခဲ့တဲ့ကတိကို အကောင်အထည်ဖော်လိုက်တာပါ။ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃၂ သင်းရှိပြီး ၄ သင်း ၈ အုပ်စုပုံစံနဲ့ ကစားနေတာပါ။ အင်ဖန်တီနို တင်ပြထားတဲ့ အစီအစဉ်မှာတော့ ရှုံး/ထွက်အဆင့်တဆင့်ထားပြီး ရှုံးတဲ့ ၁၆ သင်းက ထွက်ရမှာပါ။ ကျန် ၃၂ သင်းကတော့ ပုံမှန်အုပ်စုအဆင့်ကို တက်ရောက်မှာဖြစ်ပြီး အရင်ပုံစံအတိုင်း ကန်ကြရမှာပါ။ လာမယ့် ဇန်န၀ါရီလမှာ ကျင်းပဖို့ရှိတဲ့ ဖီဖာ အမှုဆောင်ကော်မတီ အစည်းအဝေးမှာ အဲဒီအသင်းတိုးမယ့်ကိစ္စကို စဉ်းစားဆွေးနွေးကြမှာ ဖြစ်ပါတယ်။
4 years Ago
Up