ကမ္ဘာ့ဖလားခြေစစ်ပွဲ ယူကရိန်း ၁ - ၁ အိုက်စ်လန်

September 6, 2016

ကမ္ဘာ့ဖလားခြေစစ်ပွဲ ယူကရိန်း ၁ - ၁ အိုက်စ်လန် (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသွားတဲ့ ကမ္ဘာဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု အိုင် ပွဲစဉ်မှာ ယူကရိန်းနဲ့ အိုက်စ်လန်တို့ ၁ ဂိုးစီ သရေကျသွားပါတယ်။ အိုက်စ်လန်အသင်းက ၅ မိနစ်အကြာမှာ အဖွင့်ဂိုးသွင်းပြီး ပထမပိုင်း ပြီးခါနီးအထိ ဦးဆောင်ကစားခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာတော့ ယူကရိန်းအသင်းက ချေပဂိုးသွင်းပြီး သရေကျခဲ့တာပါ။ ဒုတိယပိုင်းမှာ ယူကရိန်းဘက်က ပယ်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲခဲ့ပါတယ်။ အခုပွဲဟာ ယူကရိန်း အိမ်ကွင်းမှာ ကစားတဲ့ အုပ်စုအဖွင့်ပွဲဖြစ်ပြီး နောက်တပွဲကျရင်တော့ ယူကရိန်းသင်းဟာ တူရကီကိုသွားပြီး အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အိုက်စ်လန်ကတော့ အိမ်ကွင်းမှာ ဖင်လန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီအုပ်စု အခြားပွဲစဉ်တွေမှာလည်း ခရိုအေးရှားနဲ့ တူရကီတို့ ၁ ဂိုးစီ သရေကျသလို ဖင်လန်နဲ့ ကိုဆိုဗိုအသင်းတို့လည်း ၁ ဂိုးစီသရေကျပြီး အုပ်စုတွင်း ရမှတ် ၁ မှတ်စီ အသီးသီး ရရှိထားပါတယ်။
5 years Ago
Up