၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲအဖြစ် ဘရာဇီးအသင်းနဲ့ ဘိုလီးဗီးယားတို့ အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ရာ အိမ်ရှင် ဘရာဇီးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဘရာဇီးအသင်းဟာ ဒီပွဲမှာ ခြေစွမ်းပြပြီး ပထမပိုင်းမှာတင် ၄ ဂိုး သွင်းပြီး ဦးဆောင်ခဲ့တာပါ။
ဘရာဇီးအတွက် အနိုင်ဂိုးတွေကို ၁၁ မိနစ်မှာ နေမာ၊ ၂၆ မိနစ်မှာ ကော်တင်ဟို၊ ၃၉ မိနစ်မှာ ဖိလစ်ပီလူးဝစ္စ၊ ၄၄ မိနစ်မှာ ဂါဘရီယယ် ဂျီးဆပ်နဲ့ ၇၆ မိနစ်မှာ ဖာမီနိုတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စု ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ဥရုဂွေးက ရမှတ် ၁၉ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဘရာဇီးအသင်းက ၁၈ မှတ်နဲ့ အုပ်စု ဒုတိယနေရာက ဦးဆောင်နေပါတယ်။
အုပ်စုတွင်းက အာဂျင်တီးနားနဲ့ ပီရူးအသင်းတို့ကတော့ လက်ရှိအချိန်မှာ ယှဉ်ပြိုင်နေဆဲဖြစ်ပြီး တဘက် ၁ ဂိုးစီ သရေကျနေပါတယ်။
4 years Ago