ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဆွစ်ဇာလန်အသင်း ဥရောပချန်ပီယံ ပေါ်တူဂီကို အနိုင်ယူ

September 6, 2017

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် စပိန်က လိုက်ခ်ျတန်စတိန်းကို ၈ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု ဂျီ ပွဲစဉ်တွေမှာ နာမည်ကြီး စပိန်အသင်းက လိုက်ခ်ျတန်စတိန်းအသင်းကို ၈ ဂိုး ဂိုးမရှိ၊ အီတလီက အစ္စရေးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး မက်ဆီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယားတို့ တဘက်တဂိုးစီနဲ့ သရေကျသွားပါတယ်။ စပိန်အသင်းအတွက် ရာမို့စ်က ၁ ဂိုး၊ မိုရာတာက ၂ ဂိုး၊ အစ္စကို ၁ ဂိုး၊ ဆေးလ်ဗား ၁ ဂိုး၊ အက်စ်ပက် ၂ ဂိုး သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ တဘက်အသင်း ကစားသမား ကိုယ့်ဂိုး ကိုယ်သွင်းယူပေးတာ ၁ ဂိုး ပါဝင်ပါတယ်။ အီတလီအသင်းကတော့ အစ္စရေးအသင်းကို ပွဲချိန် ၅၃ မိနစ်မှာ တိုက်စစ်မှူး အင်မ်မိုဘိုင်းလ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။ မက်ဆီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယားတို့ ပွဲစဉ်မှာတော့ ပွဲချိန် ၅၃ မိနစ်မှာ ရိုရှီက အယ်လ်ဘေးနီးယားအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ၇၈ မိနစ်မှာ မက်ဆီဒိုးနီးယားအတွက် ထရက်ခ်ျကော့ဗ်စကီးက ပယ်နယ်တီကတဆင့် ချေပဂိုး ပြန်သွင်းခဲ့လို့ တဘက်တဂိုးစီ သရေကျခဲ့တာပါ။ အုပ်စု ဂျီ က အသင်းတွေ ၈ ပွဲစီ ကစားပြီးချိန်မှာတော့ စပိန်က ရမှတ် ၂၂ မှတ်နဲ့ အုပ်စု ပထမ၊ အီတလီက ၁၉ မှတ်နဲ့ ဒုတိယ၊ အယ်လ်ဘေးနီးယားက ၁၃ မှတ်နဲ့ တတိယ၊ အစ္စရေးက ၉ မှတ်နဲ့ စတုတ္ထ၊ မက်ဆီဒိုးနီးယားက ၇ မှတ်နဲ့ ပဉ္စမနဲ့ လိုင်ခ်ျတန်စတိန်းက အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago

March 29, 2017

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီနားအသင်း ဘိုလီးဗီးယားကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဒီကနေ့ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲစဉ်မှာ ဘိုလီးဗီးယားက နာမည်ကြီး အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ပွဲပယ်ခံထားရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ မပါဘဲနဲ့ ယှဉ်ပြိုင်သွားပါတယ်။ အိမ်ရှင် ဘိုလီးဗီးယားအတွက် ဦးဆောင်ဂိုးကို ၃၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားအသင်း ဂိုးရဖို့ ရုန်းကန် ကစားသွားခဲ့ရပါတယ်။ ဘိုလီဗီးယားအတွက် ဒုတိယဂိုးကို ၅၂ မိနစ်မှာ မိုရီနိုက သွင်းယူပါတယ်။ လက်ကျန် ၄ ပွဲပဲကျန်လို့ ဒီပွဲရှုံးတဲ့ အာဂျင်တီးနားအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုလီးဗီးယားက ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ မှာ ရပ်တည်နေပြီး အာဂျင်တီးနားကတော့ ၂၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ တောင်အမေရိကဇုန်မှာ အမှတ်အများဆုံး ထိပ်ဆုံး ၄ သင်းက တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
5 years Ago

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျပန်က ထိုင်းကို ၄ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု ဘီ ပွဲစဉ်မှာ ဂျပန်က ထိုင်းအသင်းကို ၄  ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဂျပန်က ၄-၂-၃-၁၊ ထိုင်းက ၄-၃-၃ ကစားကွက်နဲ့ ယှဉ်ပြိုင်သွားပြီး ဂျပန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ ခြေစွမ်းအသာနဲ့ ယှဉ်ပြိုင်သွားပါတယ်။ အနိုင်ဂိုးတွေကို ပွဲအစ ၈ မိနစ်မှာ ကွင်းလယ်ကစားသမား ကာဂါဝါ၊ ၁၉ မိနစ်မှာ တိုက်စစ်မှူး အိုကာဇာကီက သွင်းယူပါတယ်။ ဒီပွဲမှာ ထိုင်းအသင်းဟာ ဂျပန်ကို ခြေစွမ်းပိုင်းမှာ မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ ဂျပန်အတွက် တတိယဂိုးကို ၅၇ မိနစ်မှာ ကူဘို၊ အပိတ်ဂိုးကို ၈၃ မိနစ်မှာ ယိုရှီဒါက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဂျပန်က အုပ်စု ဘီ မှာ  ကစားပြီးတဲ့  ၇ ပွဲအတွက် ၁၆ မှတ်နဲ့ ဦးဆောင်နေပြီး ထိုင်းက ၁ မှတ်နဲ့ ဇယားအောက်ဆုံး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up