ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများ ပြုလုပ်

A d v e r t i s e m e n t With Us

March 9, 2016

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများ ပြုလုပ်

မတ်လ ၂၉ ရက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် လက်ဘနွန်အသင်းနဲ့ အဝေးကွင်းကစားရမယ့် မြန်မာ့လက်ရွေးစင်အသင်းဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းကို မတ် ၇ ရက်နေ့က အပြီးသတ် လူစာရင်းကြေညာခဲ့ပြီး မြန်မာ အသင်းနည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်က ဆောင်ရွက်မှာဖြစ်ပြီး  ကစားသမား ၂၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။ ရွေးချယ်ထားတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတွေကတော့ ဂိုး-ကျော်ဇင်ဖြိုး၊ နောက်တန်း- ကျော်ဇင်လွင်၊ နန္ဒကျော်၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း-ရဲကိုဦး၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ သက်နိုင်၊ ရှေ့တန်း-အောင်သူ၊ သန်းပိုင်၊ ကျော်ကိုကို စတဲ့ ကစားသမားတွေ ပါဝင်ပါတယ်။ မြန်မာ့ လက်ရွေးစင်အသင်းဟာ မတ် ၂၁ ရက်တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာကာ မတ် ၂၄ ရက်နေ့မှာ စင်ကာပူလက်ရွေးစင်အသင်းနဲ့ စင်ကာပူနိုင်ငံမှာ ခြေစမ်းမှာဖြစ်ပြီး မတ် ၂၉ ရက်နေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MOI
5 years Ago
Up