ကမ္ဘာ့ဖလားအနိုင်ရအသင်းအလံကို တင်ပါးပေါ်ဆေးခြယ်ဟောမည့် အလှမယ်

September 1, 2017

ကမ္ဘာ့ဖလားအနိုင်ရအသင်းအလံကို တင်ပါးပေါ်ဆေးခြယ်ဟောမည့် အလှမယ် (ရုပ်သံ)

ဘရာဇီးနိုင်ငံမှ တင်ပါးအလှမယ်တဦးဟာ လာမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရမယ့်အသင်းကို တင်ပါးပေါ် နိုင်ငံအသင်းအလံ ဆေးခြယ်ပြီး ဟောပြောနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်ရဲ့ တင်ပါးအလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် ဆူဇီကော်တက်ဇ်ဟာ ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ ကမ္ဘာ့ဖလားလာဘ်ကောင် မော်ဒယ်အဖြစ် ပါဝင်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်မှာ ခုလိုပြောလိုက်တာပါ။ “ကျမရဲ့တင်သားတွေဟာ ကမ္ဘာ့ဖလားရာသီမှာ ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ ကံကြမ္မာ ဖြစ်လာပါလိမ့်မယ်။ ဘရာဇီးကို ကံကောင်းခြင်းတွေ သယ်ဆောင်လာနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။” သူက တင်ပါးပေါ်မှာ အနိုင်ရရှိမယ်လို့ ထင်တဲ့ အသင်းအလံကို ဆေးရောင်ခြယ်မှာဖြစ်ပြီး အဲဒီအသင်းဟာ ကံကောင်းစေလိမ့်မယ်လို့ ဆိုပါတယ်။ ဆူဇီဟာ ဘောလုံးသမားတွေ လောကမှာ ရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ကျော်ကြားခဲ့ဖူးပါတယ်။ ဘာစီလိုနာအသင်း ပရိသတ်တဦးဖြစ်တဲ့ သူဟာ ဘောလုံးသမား မက်ဆီကို မြှူဆွယ်တဲ့ စာတွေ၊ ပုံတွေကို လူမှုကွန်ရက်စာမျက်နှာ အင်စတာဂရမ်ပေါ်မှတဆင့် ပို့ခဲ့တဲ့အတွက် မက်ဆီရော၊ သူ့ရဲ့ဇနီးဖြစ်သူကပါ ဘလော့ခ်လုပ်တာ ခံခဲ့ရပါတယ်။ ခုသီတင်းပတ်အစောပိုင်းမှာတော့ သူဟာ ဘောလုံးစတား ပီကေးဆီ ဦးတည် အာရုံကျနေပြန်တာမို့ ပီကေးရဲ့ချစ်သူဖြစ်တဲ့ နာမည်ကျော်အဆိုတော် ရှာကီရာဟာ ဒီသတင်းအတွက် စိတ်မချမ်းမသာ ဖြစ်နေရတယ်လို့ သတင်းက ဆိုပါတယ်။
4 years Ago
Up