ဒါဟာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ လူသားတွေ နေထိုင်နိုင်တယ်ဆိုတဲ့ အဖြေတခု ဖြစ်ပါသလား။
ဒါကို အသေအချာ သက်သေပြနိုင်ဖို့ ဘယ်လ်ဂျီယံနိုင်ငံသား ဗိသုကာပညာရှင် ဗင်းဆင့်ကယ်လ်ဘောက်တ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ပြီး ရေလှိုင်းတွေအောက်မှာ တည်ဆောက်မယ့် အနာဂတ် ရေအောက်ရွာဒီဇိုင်းကို ဖန်တီးလိုက်ပါတယ်။
အေကွာရီယာလို့ အမည်ပေးထားတဲ့ အဲဒီရေအောက်ရွာကို ပင်လယ်တွင်းကရရှိတဲ့ ရေမှော်ပင်နဲ့ အမှိုက်သရိုက်တွေကို ဖန်သားတာဝါတည်ဆောက်မှု နည်းပညာ အသုံးပြု ဖန်တီးထားတာပါ။
ရေအောက်အနက် မီတာ ၁၀၀၀ ထိ ဖန်တီးတည်ဆောက်ထားတဲ့ အဆောက်အဦ တခုချင်းစီမှာ လူပေါင်း ၂ သောင်းထိ နေနိုင်မယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဖော်ပြပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဖန်တီး တည်ဆောက်ထားတဲ့အတွက် မြေအောက် သဘာဝစွမ်းအင်ရင်းမြစ်တွေ သုံးစွဲစရာမလိုဘဲ စွမ်းအင်နဲ့ အပူကို ကိုယ်တိုင်ထုတ်လုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ရေအောက်ရွာအဆောက်အဦတွေကို ဂျယ်လီငါးပုံသဏ္ဌာန် ခေါင်မိုးထပ်အပေါ်က စတင်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
သောက်သုံးရေသန့်ကိုတော့ ရေအောက်ဖိအားကို အသုံးပြုကာ ဆားကိုဖယ်ထုတ် ရယူမှာဖြစ်ပြီး သန့်စင်တဲ့လေ ရရှိနိုင်ဖို့ကိုတော့ သဘာဝအလျောက် လေထုမီးခိုးခေါင်းတိုင်မှတဆင့် အပူစီးကူးမှုကနေ အောက်ဆီဂျင်ကို ပြန်လည်ရယူတဲ့နည်းကို အသုံးပြုထားပါတယ်။
ရေအောက်ရွာတွင်း နေထိုင်မှုပုံစံတွေထဲမှာ ပြင်ပကမ္ဘာလိုပဲ အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ၊ ဥယျာဉ်တွေနဲ့ စိုက်ခင်းတွေ ပါဝင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - Solent News
7 years Ago