ဇန်နဝါရီ ၂၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း စတုတ္ထအဆင့်မှာ ကမ္ဘာ့နံပါတ် ၁ အင်ဒီ မာရေး ရှုံးပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်သွားရပါတယ်။
ဗြိတိန်သား အင်ဒီမာရေးဟာ ဂျာမနီက ကမ္ဘာ့အဆင့် ၅၀ ဖြစ်တဲ့ ဇာဘရက်ကို အရှုံးပေးလိုက်ရတာပါ။
ဒီပွဲမှာ မာရေးဟာ စပေးဘောကို ၈ ကြိမ်အထိ အမှားအယွင်းရှိခဲ့ပြီး ၁ ပွဲနိုင် ၃ ပွဲရှုံးနဲ့ ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရတာပါ။
မာရေးဟာ ၂၀၀၉ နောက်ပိုင်း သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသားတွေထဲ ပြိုင်ပွဲကနေ အစောဆုံး ထွက်ရတဲ့သူအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ဂျာမနီနိုင်ငံသား ဇာဘရက်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရော်ဂျာ ဖက်ဒရာ ဒါမှမဟုတ် ဂျပန်နိုင်ငံသား နီရှီကိုရှီနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲအပြီးမှာ မာရေးကတော့ အခုနိုင်ပွဲဟာ ဇာဘရက်နဲ့ ထိုက်တန်တယ်လို့ ပြောဆိုသွားပါတယ်။
6 years Ago