ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ရာဖယ် နဒါးဟာ ဒူးဒဏ်ရာကြောင့် ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကနေ အနားယူသွားပါတယ်။
စပိန်သား နဒါးဟာ အာဂျင်တီးနားက ဒယ်ပေါ်တိုနဲ့ ယှဉ်ပြိုင်နေတုန်း ဒုတိယမြောက်ပွဲစဉ်မှာ ဒဏ်ရာကြောင့် အနားယူသွားတာပါ။
နဒါးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂရန်းစလန်းပြိုင်ပွဲ ၄ ခုမှာ ဗိုလ်လုပွဲအထိ တက်လှမ်းထားပြီး ၂၀၁၇ မှာ ယူအက်စ်အိုးပန်း ချန်ပီယံဆုကို ရရှိထားပါတယ်။
နဒါးဟာ ဂရန်းစလန်းဆုဖလားပေါင်း ၁၇ ခုအထိ ရရှိထားသူပါ။ အခုလို ပြိုင်ပွဲကနေ ဒဏ်ရာကြောင့် အနားယူရတာဟာ နဒါးအတွက်တော့ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ သြစတြေးလျအိုးပန်းပြိုင်ပွဲတုန်းကလည်း ကွာတားအဆင့်မှာ အနားယူခဲ့ရဖူးပါတယ်။
3 years Ago