ကမ္ဘာ့ဒုတိယအကြီးဆုံးဆည်ဖြစ်လာမည့် တည်ဆောက်ရေးစီမံကိန်း တရုတ်တွင်စတင်

August 4, 2017

ကမ္ဘာ့ဒုတိယအကြီးဆုံးဆည်ဖြစ်လာမည့် တည်ဆောက်ရေးစီမံကိန်း တရုတ်တွင်စတင်

တရုတ်နိုင်ငံမှာ ကမ္ဘာ့ဒုတိယအကြီးဆုံးဆည်ဖြစ်လာမယ့် တည်ဆောက်ရေးစီမံကိန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ ဘိုင်ဟီတန်လို့ အမည်ပေးထားတဲ့ အဲဒီဆည်ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်နဲ့ ယူနန်ခရိုင် ထိစပ်နေတဲ့ ဂျင်ရှားမြစ်ပေါ်မှာ တည်ရှိပြီး ရေအားလျှပ်စစ် ထုတ်လုပ်ပေးနိုင်ဖို့ ရည်ရွယ်ကာ ကနဦးတည်ဆောက်မှု လုပ်ငန်းတွေကိုတော့ သြဂုတ် ၃ ရက်နေ့က စတင်ပြီး လည်ပတ်နေတာ ဖြစ်ပါတယ်။ ဆည်ရဲ့အရွယ်အစားဟာ ဘရာဇီးနဲ့ ပါရာဂွေးနိုင်ငံတွေက အစ်တိုင်ပူ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံထက် ကြီးပြီး ရေအားလျှပ်စစ် မဂ္ဂါဝပ် ၁ သောင်း ၆ ထောင်  ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာ တည်ဆောက်မှု ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပြီး လျှပ်စစ်ဓာတ်အားပေးဝေရေးစခန်း ၁၆ ခုကတဆင့် ဓာတ်အားဖြန့်ဝေသွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up