ကမ္ဘာ့စံချိန်တင်ရန် အုပ်စုလိုက် ကိုယ်လုံးတီး ရေကူးသရုပ်ပြပွဲ ကျင်းပ

July 18, 2017

ကမ္ဘာ့စံချိန်တင်ရန် အုပ်စုလိုက် ကိုယ်လုံးတီး ရေကူးသရုပ်ပြပွဲ ကျင်းပ (ရုပ်သံ)

ဖင်လန်နိုင်ငံမှာ လူပေါင်း ၈၀၀ နီးပါး ပါဝင်တဲ့ ကိုယ်လုံးတီးချွတ် ရေကူးသရုပ်ပြပွဲတခု ကျင်းပခဲ့တယ်လို့ ဇူလိုင် ၁၇ ရက်နေ့  မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီသရုပ်ပြပွဲကို နိုင်ငံအရှေ့ပိုင်းမှာ ကျင်းပတဲ့ အီလိုဆာရီ ရော့ခ်ဂီတပွဲတော်ကာလ အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့စံချိန်ချိုးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ အစကတော့ ဒီသရုပ်ပြမှုမှာ လူပေါင်း ၁၀၀၀ နဲ့ ကျင်းပဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ပါဝင်မယ့်သူတွေဟာ ရေခဲတမျှအေးတဲ့ ရေထဲကို ဆင်းဖို့ ကြောက်လန့်ခဲ့ကြပြီး လူဦးရေ ၇၈၉ ဦးသာ ပါဝင်နိုင်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပါဝင်ကြသူတွေဟာ အစိမ်းရောင်ဦးထုပ်တွေ ဆောင်းထားခဲ့ကြပြီး ကိုယ်လုံးတီးအခြေအနေနဲ့ ရေထဲကို ပြေးဆင်းခဲ့ကြတာ တွေ့ရပါတယ်။ စံချိန်ချိုးနိုင်ဖို့အတွက် သူတို့ဟာ ရေထဲမှာ အနည်းဆုံး ၅ မိနစ်နေနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒီသရုပ်ပြမှု အောင်မြင်စေဖို့ ဂီတနဲ့အတူ ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ပါဝင်လိုသူတွေ ပိုများလာစေဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။ ဒီအုပ်စုအနေနဲ့ မြို့တော် ဟယ်လင်စကီးမှာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ခုလို သရုပ်ပြမှုတွေကို ၂ ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ဖူးပြီး လူပေါင်း ၃၀၀ လောက်သာ ပါဝင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
5 years Ago
Up