ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု အိုင်အမ်အက်ဖ် သတိပေး

A d v e r t i s e m e n t With Us

February 26, 2016

ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု အိုင်အမ်အက်ဖ် သတိပေး

ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်းနေပြီး ရှေ့မှာ ခက်ခဲတဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ များနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က သတိပေးလိုက်ပါတယ်။ လတ်တလော ကမ္ဘာ့ အဓိကငွေကြေးတွေ မတည်မငြိမ်ဖြစ်နေပြီး စတော့ဈေးကွက်တွေနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေ ထိုးကျနေချိန်မှာ အိုင်အမ်အက်ဖ်က အခုလို သတိပေး ပြောဆိုခဲ့တာပါ။ အခုတပတ်တည်းမှာပဲ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ G-20 နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေ တွေ့ဆုံစည်းဝေးဖို့ရှိပြီး အဲ့ဒီအစည်းအဝေး မတိုင်ခင် အိုင်အမ်အက်ဖ်က ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလော တရုတ်စီးပွားရေးတိုးတက်မှု အရှိန်ကျနေတာကလည်း ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုကို ပိုဖြစ်စေတယ်လို့လည်း အိုင်အမ်အက်ဖ်က ဆိုပါတယ်။ ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၅ နှစ်အတွင်း စီးပွားရေးတိုးတက်မှု အနိမ့်ဆုံး ဖြစ်နေပါတယ်။ ကမ္ဘာ့ငွေကြေးတွေနဲ့ စတော့ဈေးကွက်တွေ ကမောက်ကမ ဖြစ်နေတာတွေ၊ ကမ္ဘာ့ရေနံဈေး ထိုးကျနေတာ၊ ကမ္ဘာ့နိုင်ငံတွေ စစ်ရေး၊ နိုင်ငံရေး ပြိုင်ဆိုမှု၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် ကမ္ဘာ့စီးပွားရေးအနာဂတ် မရေမရာဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့် G-20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကျရင် ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေတဲ့ အဆိုးဆုံးနိုင်ငံတွေကို ကူညီဖို့ အစီအစဉ်တွေလည်း ကြိုတင်ပြင်ဆင်ထားဖို့ အိုင်အမ်အက်ဖ်က တိုက်တွန်းထားပါတယ်။ အိုင်အမ်အက်ဖ်ရဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ကြိုတင်ခန့်မှန်းမှုဟာလည်း တနှစ်အတွင်း ၃ ကြိမ် ပြင်ဆင်လျှော့ချခဲ့ရပါတယ်။
5 years Ago
Up