ကမ္ဘာလှည့်ခရီးသွားအုပ်စုပါ ကားတစီးကို ခြင်္သေ့ ၂ ကောင် ဒေါသတကြီး တိုက်ခိုက်

February 7, 2017

ကမ္ဘာလှည့်ခရီးသွားအုပ်စုပါ ကားတစီးကို ခြင်္သေ့ ၂ ကောင် ဒေါသတကြီး တိုက်ခိုက် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစုပါ ကားတစီးဟာ ဒေါသထွက်နေတဲ့ ခြင်္သေ့ ၂ ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ သူတို့အုပ်စုဟာ အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတကာပြည်နယ်၊ ဘန်နာဂက်ထာ သဘာဝဘေးမဲ့တိရစ္ဆာန်ဥယျာဉ်ထဲကို လေ့လာရေး အပန်းဖြေခရီးအဖြစ် လာရောက်လည်ပတ်ခဲ့ချိန်မှာ ခုလိုတိုက်ခိုက်ခံခဲ့ရတာပါ။ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရချိန်မှာ ခရီးသွားဧည့်သည်တွေဟာ ကြောက်လန့်တကြား အော်ဟစ်ငိုယိုခဲ့ကြပါတယ်။ ခြင်္သေ့တကောင်ဟာ ကားအနီးကို တိုးကပ်လာခဲ့ပြီး ကားကိုချိတ်တွယ်ကာ ခုန်အုပ်ပြီး မှန်တွေကို ကိုက်ခဲဖျက်ဆီးဖို့ ကြိုးစားခဲ့ချိန်မှာ တခြားတကောင်ကတော့ ကားရှေ့ဘီးအနီးမှာ ရပ်နေခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ခြင်္သေ့တွေ ဘာမှမချိုးဖျက်နိုင်ခင်မှာ ကားမောင်းသူဟာ အဲဒီနေရာကနေ အလျင်အမြန် မောင်းထွက်သွားနိုင်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို အဲဒီကားရဲ့နောက်မှာ လိုက်ပါလာတဲ့ ဥယျာဉ်တွင်း အပျော်စီး ကားတစီးပေါ်မှ ယာဉ်မောင်းသူက ရိုက်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up