ကမ္ဘာလှည့်ခရီးသည်တင်ကား မြောင်းအတွင်း ထိုးကျ၊ ၄ ဦးသေ

April 18, 2019

ပေါ်တူဂီတွင် ကမ္ဘာလှည့်ခရီးသည်တင်ကား တိမ်းမှောက်၊ ၂၈ ဦးထက်မနည်း သေဆုံး

ပေါ်တူဂီနိုင်ငံ မာဒေးရာကျွန်းပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစီး ဧပြီ ၁၇ ရက်က တိမ်းမှောက်ခဲ့ပါတယ်။ ဒါကြောင့် ဂျာမန် ကမ္ဘာလှည့်ခရီးသည်တွေ အများစု အပါအဝင် လူ ၂၈ ဦးထက်မနည်း သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကာနီကိုကမ်းရိုးတန်းမြို့ထဲက လူနေဒေသထဲမှာ ဘတ်စ်ကားအဖြူရောင် တိမ်းမှောက်ခဲ့တာလို့ မြို့တော်ဝန် ဖိလစ်ဆောင်ဆာက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့နဲ့ တအုပ်စုတည်း ဂျာမန်ခရီးသည်တွေကတော့ တခြားဘတ်စ်ကားနဲ့ ခရီးသွားခဲ့ကြလို့ ကားမှောက်တဲ့အထဲ မပါခဲ့ဘူးလို့ ဒေသန္တရ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေဆုံးသူတချို့က ဒေသခံတွေလို့ ပေါ်တူဂီသမ္မတက SIC TV ကို ပြောပါတယ်။ မာဒေးရာကျွန်းဟာ လူကြိုက်များတဲ့ အပန်းဖြေစခန်းသာ ကျွန်းပါ။ နွေရာသီမှာ လည်ပတ်သူ အများဆုံးဖြစ်ပေမယ့် အီစတာ ပွဲတော်ကာလမှာလည်း ဧည့်သည်အများအပြား ရောက်လာလေ့ ရှိပါတယ်။ ပေါ်တူဂီဝန်ကြီးချုပ်က ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်ဆီကို စာနာကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
3 years Ago

February 14, 2017

ထိုင်ဝမ် ကမ္ဘာလှည့်ခရီးသည်တင်ကား တိမ်းမှောက်၊ အနည်းဆုံး ၃၂ ဦးသေဆုံး (ရုပ်သံ)

ထိုင်ဝမ်မြောက်ပိုင်း၊ တိုင်ပေမြို့အနီးမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင်ကားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရပြီး အဲဒီကားပေါ်မှာ တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည် တဦးမှမပါဝင်ဘူးလို့ စီဂျီတီအဲန်သတင်းမှာ ဖော်ပြပါတယ်။ ကားပေါ်မှာတော့ စုစုပေါင်းလူဦးရေ ၄၅ ဦးပါဝင်ပြီး ညပိုင်း ၉ နာရီလောက်မှာ ထိုင်ဝမ်အနောက်အလယ်ပိုင်း တိုင်ချွန်းမြို့၊ ဝူလင်တောင်ယာဥယျာဉ်ကနေ လည်ပတ်ပြီး အပြန်မှာ ခုလိုဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြပြီး ဒါဟာ အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up