ကမ္ဘာပတ်လမ်းမှ ပြန်ကျလာသည့် ဂြိုဟ်တု ပေါက်ကွဲ

January 19, 2016

ကမ္ဘာပတ်လမ်းမှ ပြန်ကျလာသည့် ဂြိုဟ်တု ပေါက်ကွဲ (ရုပ်သံ)

စပေ့စ်အိပ်ခ်ျ စီမံကိန်းက ရာသီဥတု အပြောင်းအလဲကို စောင့်ကြည့်ဖို့ ကမ္ဘာပတ်လမ်းထဲကို ဂြိုဟ်တုတလုံး လွှတ်တင်ခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ရသလို ပြန်လည်ကျလာရာမှာ ပေါက်ကွဲခဲ့ပါတယ်။ ဇန်န၀ါရီ ၁၇ ရက်က ကနေဒါလေကြောင်း အခြေစိုက် ဗင်ဒင်ဘတ်ကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ၁၀ မိနစ်အကြာမှာတော့ လွှတ်တင်တာ မအောင်မြင်ခဲ့ဘူးဆိုတာကို သိရှိခဲ့ရသလို ဂြိုဟ်တုက ကမ္ဘာမြေကို ပြန်ကျလာပါတယ်။ သိပ္ပံပညာရှင်တွေကတော့ စပေ့စ်အိပ်ခ်ျ ဖလေကွန် နိုင်းဟာ အောင်အောင်မြင်မြင်နဲ့ ပစိဖိတ်အခြေစိုက် စခန်းမှာ အောင်အောင်မြင်မြင် ဆင်းသက်လာနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ပေါက်ကွဲသွားခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်သံ - စကိုင်းနယူးစ်
7 years Ago
Up